Episode-15

84 10 0
                                    

[Unicode]

"အဲ့အစားမင်းဆက်ရှိနေပေးရင် သူပိုပြီးပျော်ရွှင်ရမှာ"

မရည်ရွယ်ပါပဲထွက်သွားသောစကားလုံးများအား သတိထားလိုက်မိချိန်တွင် အချိန်နှောင်းနေပြီဖြစ်သည်။ ရလဒ်အနေနှင့်ကတော့ သူ့အားငေးကြည့်နေပါသောLee Heeseung။

"so...sorry...ငါမရည်ရွယ်ပဲ..."

Sunghoonအလျင်မြန်တောင်းပန်လိုက်မိမှ Heeseungလည်းအသိဝင်လာဟန် အကြည့်လွှဲလိုက်ပြီး ခေါင်းယမ်းပြလာပါသည်။

"ရပါတယ်။ ငါဘယ်လိုမှသဘောမထားပါဘူး"

အပြုံးယဲ့ယဲ့လေးနှင့်အတူHeeseungဖြေလာတော့ Sunghoonလည်းစိတ်မကောင်းပေ။ တကယ်ဆို ထိုအရာအားအခြားသူအားလုံးထက် သူပိုပြီးအလိုရှိနေမှာမဟုတ်လား။

Sunghoonသက်ပြင်းတချက်သာ ခိုး၍ရှိုက်လိုက်မိသည်။

"Ni-Kiကအပြင်ပန်းကြည့်ရင် နူးနူးညံ့ညံ့မတုန်မလှုပ်ဆိုပင်မဲ့ တကယ်တော့စိတ်ဓာတ်မာကျောတဲ့သူပါ။ သူမတက်ချင်တဲ့ဆေးကျောင်းကို ဒီချိန်ထိသည်းခံပြီးတက်လာတာပဲကြည့်လေ"

Sunghoonစကားကြောင့် အကြည့်လွှဲနေမိရာမှHeeseungလှည့်ကြည့်မိသည်။

"သူကအရမ်းလည်းခေါင်းမာတတ်တဲ့လူမျိုး။ မဟုတ်ရင် ဒီချိန်ဆိုသူမင်းဆေးရုံခန်းထဲမှာရှိနေမှာမဟုတ်ဘူး၊ ငါတားတာနဲ့လေ"

"ငါတောင်းပန်ပါတယ်"

Heeseungတိုးလျစွာတောင်းပန်လာတော့ Sunghoonခေါင်းယမ်းပြလိုက်သည်။

"ငါကမင်းကိုတောင်းပန်ခိုင်းနေတာမဟုတ်ပါဘူး။ သူဘယ်လောက်စိတ်ဓာတ်ခိုင်မာတယ်ဆိုတာပြောပြနေတာ။ မင်းမရှိတဲ့နောက်အဆင်ပြေမယ်လို့ပြောရင် ငါလိမ်ရာကျသွားမယ်ဆိုပင်မဲ့ အချိန်တခုယူပြီးရင်တော့ သူအဆင်ပြေသွားမှာပါ"

"Sunghoon"

"Heeseungသူ့သူငယ်ချင်းအနေနဲ့ ငါမင်းကိုတခုလောက်တောင်းဆိုချင်တယ်"

Sunghoonလေးနက်စွာစလိုက်တော့ ခေါင်းငြိမ့်ပြလာသောHeeseung။

"ဖြစ်နိုင်ပါ့မလားမသိပင်မဲ့ မင်းရဲ့နောက်ဆုံးအချိန်အထိ Ni-Kiနဲ့ကောင်းမွန်တဲ့အမှတ်တရတွေပဲ ဖန်တီးသွားပေးပါ။ မင်းမရှိတော့တဲ့နောက် သူရဲ့မင်းနဲ့ပတ်သက်တဲ့အမှတ်တရတွေက သူ့အတွက်မှတ်မိချင်လောက်တဲ့အမှတ်တရတွေပဲ ဖြစ်နေစေချင်တယ်"

Till we meet againWhere stories live. Discover now