Episode-16

87 7 0
                                    

[Unicode]

ပါလာသောဂစ်တာကြိုးလေးအားညှိနေရင်း အကြည့်တို့ဝေ့လိုက်တော့ ကုတင်ပေါ်ထိုင်ကာ သူ့အားပြုံးလျက်ကြည့်နေသောHeeseungအကြည့်တို့နှင့်တိုးသည်။

"ဘာလဲ"

"မဟုတ်ပါဘူး...ဒီတိုင်းမင်းပုံစံကမိုက်နေလို့"

ဟန်ဆောင်မှုကင်းစွာ အပွင့်လင်းဆုံးဖြေလာသောအဖြေတို့အားကြားလိုက်ရတော့ တော်ရုံမရှက်တတ်သည့်သူတောင်ရှက်သွားရသည်။

"မင်းကိုကျွေးစရာငါ့မှာဘာမှမပါဘူးနော်။ စားချင်ရင်မင်းမှာရှိတဲ့ဟာပဲထုတ်စား"

Ni-Kiအရီတဝက်နှင့်ပြန်စလိုက်တော့လည်း သဘောကျစွာပြုံးနေပြန်သောHeeseung။

အခုနောက်ပိုင်းထိုအတိုင်းပင်။ စကားပြောနည်းလာသောHeeseungသည် Ni-Kiနောက်ကိုသာတကောက်ကောက် ပြုံးလျက်လိုက်ကြည့်နေတတ်သည်။ Ni-Kiရန်တွေ့ခဲ့လျှင်တောင် ပြုံးလျက်ပဲစိုက်ကြည့်နေပြန်သည်။ ကြာလာတော့Ni-Kiသည်ပဲရှက်မိသည်အထိ။

"ဒီနေ့ဘာသီချင်းနားထောင်ချင်လဲ"

"မင်းဆိုချင်တဲ့သီချင်း"

နေ့စဉ်မပြောင်းလဲသောမေးခွန်းအား နေ့စဉ်မပြောင်းလဲသောအဖြေလေးနှင့်ပဲ ပြန်တုန့်ပြန်လာပြန်သည်။ Heeseungအားသီချင်းဆိုပြသည်မှာ Ni-Ki၏မဖြစ်မနေလုပ်ဆောင်ရသည့် နေ့စဉ်လုပ်ငန်းတခု။ သူသီချင်းဆိုတိုင်းလည်း Heeseungသည်မျက်လုံးလေးမှိတ်၍ လိုက်ပါခံစားနေတတ်သည်။ ထိုအခိုက်အတန့်လေးကို Ni-Kiအမှန်တကယ်ပင် တန်ဖိုးထားမြတ်နိုးရပါသည်။

ဒီနေ့တွင်လည်း သူသီချင်းဆိုပြီးနောက် Heeseungအားကြည့်လိုက်တော့ Heeseungသည်ကုတင်ပေါ်တွင်နှစ်ခြိုက်စွာအိပ်ပျော်နေလေပြီ။

Ni-Kiသက်ပြင်းတချက်သာချလိုက်မိသည်။ Ni-Kiအားလိုက်ကြည့်လျှင်ကြည့်၊ မကြည့်လျှင်လည်း မကြာခဏပင်အိပ်ပျော်သွားတတ်သောHeeseungသည် အလွန်အမင်းပင်ပန်းနေပုံပင်။ မသိမသာဆိုသော်ငြား သတိထားမိလောက်သောရောဂါလက္ခဏာများက တဖြည်းဖြည်းဖြစ်ပေါ်နေလေပြီ။

အောက်ပိုင်းခြုံထားသောစောင်လေးအား ရင်ဘက်ထိရောက်အောင်ဆွဲခြုံပေးလိုက်ပြီးနောက် Ni-Kiအခန်းအပြင်သို့အသာထွက်ခဲ့လိုက်သည်။ အခန်းအပြင်ရောက်ရောက်ချင်းတန်းတိုးမိသူက အသိဆရာဝန်မမ။

Till we meet againWhere stories live. Discover now