Episode-3

143 19 0
                                    

[Unicode]

တူညီသောတနေ့တည်းတွင် တူညီသောမျက်နှာတခုတည်းကိုပဲ မတူညီသောနေရာနှစ်ခု၌ တွေ့ရသည်မှာ တိုက်ဆိုင်မှုတခုသာဟု Ni-Kiတဖက်သက်ကောက်ချက်ချမိပါသည်။ ထိုထက်ပို၍အတွေးမများချင်။

သွားနေရာမှအကြာကြီးရပ်နေခဲ့လေတော့ သူ့အားသတိထားမိကာ ပြန်လှည့်ကြည့်လာသောဆရာဝန်မမနှင့်Sunghoon။ သူကြည့်နေရာသို့နှစ်ယောက်လုံးလှမ်းကြည့်ပြီးနောက် ဆရာဝန်မမဆီမှ သက်ပြင်းချသံတိုးတိုး မသိမသာထွက်လာပါသည်။

"ဒီကောင်လေးကတော့လေ ဒီလောက်အတန်တန်သတိပေးထားရဲ့သားနဲ့ nurseတွေမသိအောင် အပြင်ကိုခိုးထွက်ပြန်ပြီထင်တယ်"

ဆရာဝန်မမပြောစကားအရ ဤကဲ့သို့ဖြစ်ရပ်မျိုးမှာ ဤအကြိမ်သည်ပထမအကြိမ်မဟုတ်မှန်းသိလိုက်မိသလို ထိုLee Heeseungဆိုသောကောင်လေးသည် ဤဆေးရုံတွင်တက်ရောက်နေရသူဖြစ်ကြောင်းကိုလည်း သိလိုက်မိပြန်သည်။

"သူကဘာဖြစ်လို့လဲဗျ"

သိချင်မိသော်ငြား မမေးရဲဖြစ်နေသည်ကို အစားမေးလိုက်သောသူငယ်ချင်းSunghoonကိုသာ Ni-Kiကြိတ်၍ကျေးဇူးတင်လိုက်မိသည်။

"Bradycardia။ ပြောရရင်နှလုံးခုန်နှေးတာပေါ့။ လူတယောက်ရဲ့နှလုံးဟာ တစ်မိနစ်မှာအကြိမ်ရေ၆၀ကနေ၁၀၀ထိခုန်လေ့ရှိတယ်။ အကြိမ်၆၀ထက်ပိုနည်းပြီးခုန်နေတယ်ဆိုရင်တော့ အဲ့အခြေအနေကိုBradycardiaလို့ခေါ်တယ်လေ"

"ဒါပင်မဲ့ ကျွန်တော်လေ့လာဖူးသလောက်ဆို Bradycardiaကသေစေနိုင်တဲ့ရောဂါလည်းမဟုတ်သလို တချို့ကျန်းမာတဲ့ငယ်ရွယ်သူတွေ၊ အားကစားသမားတွေမှာလည်း ဖြစ်လေ့ရှိတဲ့အရာပဲလေမမ။ မသိတဲ့သူတွေများသလို အနည်းငယ်ပြင်းထန်လာရင်တောင် ဆရာဝန်နဲ့တိုင်ပင်ကုသရင် ပျောက်ကင်းနိုင်တယ်လေ"

Ni-Kiဝင်ထောက်လိုက်တော့ ခေါင်းငြိမ့်ပြရင်းအသိမှတ်ပြုလာသောဆရာဝန်မမ။ သို့သော် သူ့နောက်ဆက်တွဲစကားလုံးတွေကတော့ လှပမနေခဲ့။

"Ni-Kiလေးပြောတာတွေမှန်ပါတယ်။ ဒါပင်မဲ့ Heeseungကတော့ မွေးရာပါနှလုံးအားနည်းတဲ့ကောင်လေးလေ။ သူမွေးလာကတည်းက Bradycardiaကဖြစ်နေခဲ့တာ။ သူ့အခြေအနေမှာတော့ ကုသလို့မရနိုင်တော့ဘူး။ သူ့နှလုံးကသူအရွယ်ရောက်လာတာနဲ့အမျှ တဖြည်းဖြည်းပိုပိုအားနည်းလာပြီ"

Till we meet againWhere stories live. Discover now