Episode-19

94 7 0
                                    

[Unicode]

ချမ်းအေးလွန်းသောညလေး။
အနွေးဓာတ်ပိုမိုရရှိစေရန် တိုးကပ်နေသောလူသားနှစ်ယောက်။
အခန်းမီးလေးကမှိန်ပြပြသာ။အပြင်တွင်တဖွဲဖွဲကျနေသောနှင်းပွင့်လေးများက တထောင့်တနေရာမှအားဖြည့်ပေးနေလေတော့ ပြီးပြည့်စုံသောပန်းချီကားချပ်လေးသဖွယ်ပင်။

မည်သို့ပင်ကြည့်ကြည့် သာယာအေးချမ်းလှပေသည်။

"ဟုတ်သား...ငါမင်းအတွက်တခုယူလာတာရှိတယ်"

Ni-Kiချက်ချင်းပင်ထလိုက်ကာ အခန်းထောင့်၌ချထားသောသူ့အိတ်ဆီအပြေးသွား၍ တစုံတခုအားနှိုက်ယူလိုက်သည်။ ထို့နောက်...

"ဒန်...တန့်...တန့်...ဒီမှာ ဒါလေးကိုမင်းမှတ်မိသေးလား"

အပြောနှင့်အတူHeeseungမျက်နှာရှေ့ရောက်လာသည်က သူတို့၏တကြိမ်တည်းသောအပြင်ထွက်လည်စဉ်တွင် Heeseungတယောက်Ni-Kiအားကောက်ပေးခဲ့သောဘဲရုပ်လေးပင်။

Heeseungပြန်မဖြေ။ သို့သော် သူ့မျက်စိရှေ့ရှိဘဲရုပ်လေးအားကြည့်၍ တဖြည်းဖြည်းပြုံးယောင်သန်းလာပါတော့သည်။

"မင်းမှတ်မိတယ်မှတ်လား"

မသိမသာခေါင်းငြိမ့်ပြလာသောHeeseung။ Ni-Kiကျေနပ်စွာပြုံးလိုက်ပြီး ဘဲရုပ်လေးအားHeeseungလက်ထဲထည့်ပေးလိုက်၍ ဘေးမှပြန်ဝင်ထိုင်လိုက်ပါသည်။

"အေးတယ်...စောင်ခြုံထားရအောင်"

ဘေးမှစောင်အပါးလေးအားကောက်ယူကာ Heeseungအားခြုံပေးလိုက်တော့ Ni-KiအားHeeseungအကြည့်မလွှဲပါပဲစိုက်ကြည့်လာသည်။

"ဘာဖြစ်လို့လဲHeeseung"

"စောင်..."

"စောင်...ငါ့ကိုပါခြုံစေချင်တာလား"

အသာယာခေါင်းငြိမ့်ပြလာပြန်သောHeeseung။ Ni-Kiကျေနပ်စွာထပ်မံပြုံးလိုက်မိပြန်သည်။

"ကျေးဇူး"

Ni-Kiတယောက်Heeseungအနားပိုတိုးကာ Heeseungကိုယ်ပေါ်မှစောင်လေးအားအသာယာဆွဲယူ၍ သူပါစောင်ထဲတိုးဝင်လိုက်ပါသည်။ အပြာနုနုစောင်လေးသည် သူတို့နှစ်ယောက်လုံးအားလွှမ်းခြုံလျက်။

ထိုစဉ် Ni-Kiပခုံးပေါ်သို့Heeseungခေါင်းလေးမှီလာပါသည်။

"အိပ်ချင်နေပြီလား"

Till we meet againWhere stories live. Discover now