[Unicode]
လက်ထဲမှငါးပေါင်မုန့်အားတချက်ကိုက်လိုက်တော့ လျှာပေါ်တွင်ခံစားရသည်က ရင်းနှီးနေသောအရသာလေးပါပဲ။
"မင်းသိပ်ကြိုက်တာလေLee Heeseung"
နာကျင်မှုများကြားမှ ခါးသီးစွာရေရွတ်လိုက်သော်ငြား ပုံမှန်ကြားရနေကျတုန့်ပြန်စကားသံကိုတော့ မကြားရတော့။
"မင်းလည်းကြိုက်တာပဲ"
နာကျင်စွာပင်တယောက်တည်း ထပ်မံရေရွတ်လိုက်မိသည်က ပိုင်ရှင်မဲ့အဖြေစကားလေး။ ပိုင်ရှင်မရှိလေတော့ သက်မဲ့စကားသံတောင်ခြောက်ကပ်ကပ်သာ။
ထိုစဉ် သူ့ရှေ့သို့ရောက်လာသောခြေဖမိုးခပ်ဖွေးဖွေးလေးကြောင့် Ni-Kiခေါင်းမော့ကြည့်လိုက်ပါသည်။ သူထင်သည့်အတိုင်းSunoo။
"ပြီးသွားပြီလား"
"အင်း"
နာကျည်းစွာမေးမိတော့ ပြန်ဖြေလာသံကလည်းတိုးလျလျသာ။ Heeseung၏နောက်ဆုံးခရီးအား Ni-Kiဆုံးဖြတ်ထားသည့်အတိုင်း ယောင်၍ပင်မသွားခဲ့။
အခုတော့Heeseungအမှန်တကယ်ပင် ဤလောကကြီးထဲမှ အပြီးတိုင်ထွက်ခွာသွားပြီပဲ။
"Heeseungမျက်နှာကနောက်ဆုံးအချိန်ထိတောင် ပြုံးယောင်သန်းနေသလိုပဲ။ သူ့နောက်ဆုံးအချိန်တွေကို မင်းနဲ့အတူကုန်ဆုံးနိုင်ခဲ့လို့ဖြစ်မယ်ထင်တယ်"
"အဲ့ကောင်ကမျက်နှာရူးမလို့ပါ"
"ဟုတ်တယ်နော်...အမြဲပြုံးဖြီးနေတတ်တာ"
ပြုံးနေသောနှုတ်ခမ်းများနှင့်ဆန့်ကျင်စွာ သူတို့မျက်လုံးတွေသည်တော့ ရီမနေခဲ့ကြ။ သူတို့နှစ်ယောက်လုံးအတွက် ခက်ခဲသောအချိန်များကို နာကျင်စွာပဲဖြတ်ကျော်နေရသည်လေ။
သူတို့အတွက်အချိန်တွေသည်အထီးကျန်ဆန်နေဆဲပါပဲ။
***************************
အခန်းထဲရောက်သည်နှင့် သူကုတင်ပေါ်ပစ်လှဲလိုက်မိသည်။ တဖက်ဘေးသို့လှည့်၍ လက်လှမ်းလိုက်မိသည်က ပြာနုနုစောင်ကလေးဆီသို့။ ထိုစောင်လေးဆီမျက်နှာအပ်ထားလိုက်မိတော့ ရင်းနှီးနေသောကိုယ်ငွေ့လေးကနွေးနွေးလေး။ မျက်ရည်များကမရည်ရွယ်ပါပဲစီးကျလာပြန်သည်။ ဒီရက်များအတွင်း မရည်ရွယ်ပါပဲကျနေမိသောမျက်ရည်များ ဘယ်နှစ်ခေါက်တောင်ရှိပြီလဲမမှတ်မိတော့။
YOU ARE READING
Till we meet again
Romance[Unicode]ဆုံစည်းခဲ့တာကံကြမ္မာကြောင့်ဆိုရင် ခွဲခွာခဲ့ရတာကရော်ကံကြမ္မာကြောင့်ပဲလား?? ဆုံစည်းစေလိုက်၊ ခွဲခွာစေလိုက်နဲ့. အဲ့ကံကြမ္မာဆိုတဲ့အရာကဘာများအလိုရှိနေတာလဲ!! [Zawgyi]ဆုံစည်းခဲ့တာကံကြမ္မာကြောင့်ဆိုရင် ခွဲခွာခဲ့ရတာကရော်ကံကြမ္မာကြောင့်ပဲလား?? ဆုံစည်းစေ...