အပိုင်း (၁)
ဆောင်းမှ နွေဦးသို့စတင်ပြောင်းလဲလာသောရာသီဥတုတွင် မနက် (၆) နာရီဆိုသောအချိန်သည် နေရောင်ဖျဖျလင်းလျက် တနေ့တာစတင်ရန် သာယာလှပလွန်းနေသည်။
အလုပ်မသွားခင် ၃နာရီလောက်စောနိုးနေသည့် Baekhyun တစ်ယောက် မိန်းမောအိပ်စက်ခြင်းဖြင့် မနက်ခင်း၏ energy ကိုကုန်ဆုံးပစ်ရမှာ နှမြောနေမိသည်။
ညဝတ်အိပ်ထားသည့် T shirt အမဲလေးပေါ်တွင် အနွေးထည်လေးသာထပ်ဝတ်လျက် အိမ်အနီးရှိ ပန်းခြံထဲသို့ လမ်းလျှောက်ရန်ထွက်လာခဲ့သည်။
ပန်းခြံထဲတွင် Baekhyun ကဲ့သို့ပင် မနက်စော လမ်းလျှောက်ထွက်ကြသူများ၊အပြေးလေ့ကျင့်ခန်းလုပ်သူများ၊ စက်ဘီးစီးသူများ၊ အားကစားလုပ်သူများ အတော်ပင်များနေသည်။
အခုအတောအတွင်း အလုပ်ထဲပဲအာရုံပိုစိုက်ဖြစ်နေပြီး အရင်လို gym မသွားဖြစ်တာတောင်လနဲ့ချီနေပြီဖြစ်၍ အတန်ငယ်ထွက်လာသော ဗိုက်အဆီပုစိလေးကို
ငုံကြည့်လျက် Baekhyun သည် ဗိုက်ထဲက ကယ်လိုရီတွေ နည်းနည်းလေးပဲဖြစ်ဖြစ် လောင်ကျွမ်းသွားတန်ကောင်းရဲ့ ဟူသောအတွေးဖြင့် ပန်းခြံထဲရောက်တုန်း အားကစားလုပ်ရန်တွေးကာ လမ်းလျှောက်ခြင်းကိုရပ်၍ ပန်းခြံကို
ပတ်ကာ စတင်ပြေးလေသည်။Baekhyun အရှိန်ပြင်းပြင်းနဲ့ပုံမှန်ပြေးနေရာမှ ပန်းပင်လေးတွေစိုက်ထားသော ပန်းခြုံနားအကွေ့ဝယ် အရှိန်မသတ်ပဲ ပြေးလျက်ပင်ကွေ့ဝင်သွားရာ...
"ခွမ်းးးးး"
"အားးးး"
"ကိန်....ကိန်....ကိန်...."
အသံပေါင်းစုံတစ်ချိန်တည်းထွက်လာချိန်တွင်
Baekhyun ၏နဖူးသည်လည်း မာကျောသော
ရင်အုပ်ကျယ် တစ်ခုနှင့် တိုက်မိသည်ကြောင့် အနောက်သို့ ဟန်ချက်ပြတ်ကာ ရွေ့သွားသည့်အပြင် နဖူးလေးမှာလည်း အတော်ပင် အီစိမ့်သွားရသည်။
ထို့နောက် တစ်ဆက်တည်းထွက်ပေါ်လာသော တစ်ဖတ်လူထံမှ ဒေါသသံပါနေသည့် ဩရှရှအသံတစ်ခု"ဒီမှာ...! လမ်းက ထောင့်ချိုး အကွေ့လေ အဲ့လိုအရှိန်ကြီးနဲ့ပြေးလာလို့ ဘယ်ဖြစ်မလဲဗျ!!!"