အပိုင်း (၁၃)
"ကျွန်တော့်ကို ခွင့်မတောင်းပဲ နမ်းတဲ့အတွက်..."
၁၀ ပေလောက်သာဝေးသော အကွာအဝေးတွင် အော်ပြောလိုက်သော Chanyeol ကြောင့်ပါးတွေ နားတွေ ပူရှိန်းကာ သွေးဆောင့်တက်သွားရသူမှာ Baekhyun...
ဘေးနားက ကြားလိုက်သော လူတစ်စုသည် ကွက်ကြည့်ကွက်ကြည့်ဖြင့် ကျောက်ရုပ်များပမာ ငြိမ်သက်သွားကြသည်။ ထိုအထဲတွင် ပွင့်နေသော ပါးစပ်အဟောင်းသားကို ပြန်မပိတ်နိုင်သေးတဲ့ ကျောက်ရုပ်လူသား Kim Jong In လည်းပါသည်။
ရှက်လိုက်တာ...
နီရဲတွတ်နေသော ပါးနှစ်ဖက်နှင့်အတူ Baekhyun သည် ကလန်ကလား Chanyeol အားပြခန်းအပြင်ဘက်သို့ ဆွဲခေါ်လာခဲ့သည်။
"ဒါရိုက်တာ..."
Chanyeol ခေါ်သံကို တုန့်ပြန်ခြင်းလည်းမရှိသလို စတော်ဘယ်ရီသီးလို နီရဲတွတ်နေတဲ့ ပါးတွေက အရောင်လျော့မသွားသေး....
မြေပြင်ကိုသာအရောက်ပို့ထားတဲ့ အကြည့်တွေကလည်း သူ့ကိုငေးကြည့်နေတဲ့ Chanyeol ဆီသို့ ပြန်ကြည့်မလာခဲ့...
ငြိမ်ကျနေတဲ့ Baekhyun ဟာ ငုံ့ထားတဲ့ နားလေးတွေ ရဲနေတာကအစ ချစ်ဖို့ကောင်းသည်။
"တောင်းပန်စရာမလိုဘူးထင်လို့"
တုန်လှုပ်ခြင်းတွေအပြည့် ရောယှက်နေတဲ့ အသံက တိုးလျစွာ...
"ငါပြောချင်တာက...
ယောင်္ကျားလေးတစ်ယောက်က...ဆေးအရှိန်ကြောင့်... ဟိုဟာ.... နောက်ထပ်လိင်တူ ယောင်္ကျားလေးတစ်ယောက်ကို .... ဟို...နမ်း...နမ်းမိတာက...
တောင်းပန်စရာလိုလောက်အောင် အပြစ်မရှိဘူးထင်လို့လေ..."မော်မကြည့်ရဲလောက်အောင် Baekhyun ရှက်နေပါသည်။
ရှက်စိတ်ကြောင့်ပဲလားမသိ... Baekhyun မျက်တောင်တွေက ပုတ်ခတ်ပုတ်ခတ်ဖြင့် စကားလုံးတို့သည်လည်း အထစ်ထစ်ငေါ့ငေါ့သာထွက်လာသည်။