အပိုင်း (၁၂)
ပုံမှန်ဆို မိမိရုပ်ရည်သွင်ပြင်နှင့် ပတ်သက်၍ ပူပန်ခြင်းတစ်စုံတစ်ရာမျှ မရှိခဲ့ဖူးသော်လည်း ဒီနေ့တွင်မှ တစ်စုံတစ်ယောက်ရှေ့တွင် ကြည့်ကောင်းနေချင်သည့် Baekhyun...
သပ်ရပ်စွာ ဝတ်ထားသော suit နက်ပြာလေးကို ပိုကြည့်အောင်းအောင် ပြုပြင်လိုက်သလို ဆံပင်တွေကိုလည်း လှန်တင်လိုက်သေးသည်။
Baekhyun သည် ခါတိုင်းနှင့်မတူစွာ တွေးရင်းငေးရင်း လမ်းလျှောက်နေသည်။ တွေးသည်မှာ မိမိဦးတည်ရာ တစ်စုံတစ်ယောက်ထံသို့ မည်သို့မည်ပုံ စကားစရမည်ကို တွေးတောနေခြင်းဖြစ်သည်။
Marketing room နားအရောက်တွင် Baekhyun သည် အတွေးရော၊ လမ်းလျှောက်ခြင်းရော ရပ်လိုက်ပြီး မိမိဦးတည်ရာအား ရှာဖွေလိုက်သည်။
"ဒါရိုက်တာ-nim ဘာကိစ္စရှိလို့ပါလဲ"
ဆယ်မီ့အသံက အနောက်ဘက်မှထွက်ပေါ်လာသည်။
"Chanyeol မရှိဘူးလား"
တိုပြတ်ပြတ်ဖြင့် မေးလိုက်သည့် Baekhyun စကားတွင် ဆယ်မီက မျက်ခုံးပင့်လိုက်မိသည်။
"Chanyeol က သူတို့ကျောင်းရဲ့ နောက်ဆုံး Project ရှိလို့ဆိုပြီး ခွင့် (၄) ရက်ယူထားပါတယ်။
သူက အချိန်ပြည့်ဝန်ထမ်းလည်း မဟုတ်သေးတာနဲ့ ဒါရိုက်တာ့ကို မပြောမိလိုက်တာပါ။ ဘာလို့လဲဟင် ခိုင်းစရာရှိလို့လား?""မဟုတ်ပါဘူး ထားလိုက်တော့။ လုပ်စရာရှိတာ ဆက်လုပ်ပါ"
အမူအယာမှာ တည်ငြိမ်နေသော်လည်း Baekhyun အသံတွင် စိတ်ပျက်မှု မသိမသာပါသွားသည်။ ရင်ထဲသို့ ဟာတာတာဖြင့် ဖြတ်စီးသွားသော အပူလှိုင်းတစ်ခုကို လျင်လျင်မြန်မြန် လျစ်လျူရူပြီး တည်ငြိမ်စွာ Baekhyun ဆက်လျှောက်လာခဲ့သည်။
ဒါရိုက်တာ၏ အပြုအမူကြောင့် နောက်ကကျန်ခဲ့သော ဆယ်မီမှာတော့ ကြောင်အစွာ ခေါင်းကို ကုတ်လျက်...
___________________________________Sculpture Department (ပန်းပုပညာ အဆောင်) တွင်ဖြစ်သည်။ အနုပညာတစ်ခုကို ဖန်တီးမွေးဖွားချိန်တွင် မြတ်နိုးရာ ဖယောင်းနှင့်တူသော လက်သွယ်သွယ်တို့ကို ပုံဖော်ကာ မြင်ယောင်သည်။