အပိုင်း (၁၄)
မအုံ့တအုံ့ မိုးနှင့်အတူ မနက် 7:00 နာရီတိတိမှာ Baekhyun ရဲ့ ဖုန်းလေးဟာ message သံဖြင့်ပွင့်လာခဲ့ပြီ။
💬 ကျွန်တော် ပန်းခြံမှာရောက်နေပြီ 💬
Chanyeol ဆီကစာကို အိပ်ယာထဲမှာ မှိန်းနေတဲ့ Baekhyun တစ်ယောက် ဖွင့်ဖတ်လိုက်ပေမယ့် reply လည်းမပြန်ဖြစ်သလို အိပ်ယာထဲကလည်း မထသေး။ ဒီနေ့က ရုံးပိတ်ရက်လေ... သူ တစ်ရေးလောက် ဆက်မှေးချင်သေးတယ်။
မျက်တောင် တိုတိုစိပ်စိပ်လေးတွေကို မှေးချကာ ဆက်လှဲနေမိရင်း "မလာမချင်းစောင့်နေမှာ" ဆိုတဲ့ တစ်ယောက်သောသူရဲ့ စကားကို ပြန်ကြားယောင်မိပြန်တော့ Baekhyun ဆက်အိပ်ဖို့တွေးမရတော့။ ဒီကောင်လေးက တစ်ကယ်စောင့်နေတော့မှာ သူသိတယ်။
ချက်ချင်းဆိုသလို Baekhyun အိပ်ယာကနေ ကောက်ထလိုက်ပြီး ရေမိုးချိုးလိုက်သေးတယ်။ အဝတ်အစားရွေးရင်း နာရီကြည့်မိတော့ 7 နာရီခွဲပြီးပြီ။
ပန်းခြံထဲကို လျှောက်လာရင်း ရှာမိတော့ ခုံတန်းလျား တစ်ခုမှာ ထိုင်လို့စောင့်နေသူက Baekhyun ကိုမြင်တာနဲ့ မတ်တပ်ရပ်လို့ လက်လှမ်းပြလာတယ်။
နက်ပြာရောင်တီရှပ်လေး နဲ့ ဂျင်း pant ကိုဝတ်ဆင်ထားတဲ့ ကောင်လေးဟာ အပေါ်ထပ်လက်ရှည်အမဲလေးနဲ့မို့
(အခုခေတ်ကောင်မလေးတွေ ပြောနေကျ) Boyfriend material type လေးကိုဖြစ်လို့။ဒီလိုနေရာမှာ ဒီလိုလူချောလေး လာစောင့်နေသူက ဒိတ်လုပ်မယ့် ငယ်ငယ်ချောချောမိန်းမပျို လေးလို့ထင်နေရင်တော့ အလွဲကြီးလွဲကြတော့မှာပဲ။
သူစောင့်နေတာ အသက် ၃၀ အရွယ် ယောင်္ကျားတစ်ဦးကိုပါ။ သာမာန်ယောင်္ကျားတော့ ဘယ်ဟုတ်ပါ့မလဲ...
အကြည်ရောင်မျက်ဝန်းအိမ်တွေက သေးငယ်ပေမယ့် သူရီလိုက်တဲ့အခါ အဝါရောင်ပန်းတွေပွင့်တယ်၊ နေ့ဘက်မှာ တော်ဝင်မင်းသားတစ်ပါး နဲ့တူပြီး ညဘက်မှာ ကြောင်ဖြူလေးနဲ့တူတဲ့ ယောင်္ကျားတစ်ယောက်ပေါ့... ဟုတ်ပါတယ်... သူဟာ Byun Baekhyun ဆိုတဲ့ အမျိုးသားပါပဲ..."စောင့်ရတာကြာသွားတယ်မလား၊ ငါရေချိုးနေလို့ပါ"
Baekhyun က ခပ်ပါးပါး အပြုံးလေးကို လှစ်ဟပြီး တောင်းပန်ဟန်ပြတော့လည်း တစ်ဖတ်လူဟာ ဗွေမယူရက်ပါ။