အပိုင်း (၁၀)
ဘယ်နေရာကြည့်ကြည့် အမှောင်ထုကသာ အပြည့်အဝလွှမ်းမိုးထားသောကြောင့် မွန်းကျပ်ပြီး ဘာဆိုဘာမှမမြင်ရပေမယ့် ခန္ဓာကိုယ်တစ်ခုလုံးက နာကျင်နေတာတော့ ခံစားမိသည်။ နာကျင်မှုတစ်ခုပြီး တစ်ခုထပ်တိုးလာရင်းမှ အားကိုးစရာအလင်းရောင်တစ်ခုနှင့်အတူ ကုတ်အမဲရောင်နဲ့ အမျိုးသားတစ်ဦး သူ့ဆီလာနေသည်ကို မြင်ရသည်။
ထိုအမျိုးသားပေါ်လာသည်နှင့်တစ်ပြိုင်နက် နာကျင်မှုအလုံးစုံတို့ ဆိတ်သုဉ်းသွားသည်။ ထိုအမျိုးသားသည် ဒါရိုက်တာ-nim ပင်ဖြစ်သည်။
ဘယ်ကိုမှ မကြည့်ပဲ သူရှိရာအမှောင်ထုထဲကိုသာပြေးလာနေတဲ့ ဒါရိုက်တာက တခြားကို အာရုံမရှိ။
ထို့နောက် ရုတ်တရက် ဘယ်ကမှန်းမသိနဲ့ ချွန်ထက်နေသော ဓားတစ်ချောင်းဟာလည်း ဒါရိုက်တာ ဆီသို့ ဦးတည်လျက် လာနေသည်...မမြန်မနှေးသောအရှိန်ဖြင့် လာနေသော ဓားကို တားဖို့ ဒါရိုက်တာ့ဆီသို့ အားကုန်ပြေးသွားမိသည်။
"ဒါရိုက်တာ-nim!!!မဖြစ်ဘူး!!! ဓား...ဓား... သတိထား!!!"
အော်သံနှင့်အတူ နဖူးထက်တွင် ချွေးစတို့တွဲခိုလျက် Chanyeol လန့်နိုးလာခဲ့သည်။ အိမ်မက်ဖြစ်ကြောင်းသိမှ သက်ပြင်းချကာ စိတ်အေးသွားရပြီး အိမ်မက်အကြောင်းကိုပြန်စဉ်းစားကြည့်တော့ ပြန်ပေးဆွဲခံရတုန်းကကို စိတ်စွဲပြီး မက်သည်ဟု ယူဆလိုက်သည်။
Baekhyun နဲ့ပတ်သက်ပြီးမက်သော Chanyeol ၏ပထမဆုံးအိမ်မက်ဆိုလည်း မှန်သည်။ စိတ်စွဲ၍ မက်တာပဲဖြစ်ဖြစ် ကောင်းသော အိမ်မက်မဟုတ်တာတော့သေချာသည်ဟုတွေးလိုက်ကာ စိုးရိမ်မှုအမှတ်တို့ တိုးလာရသည်။
ဒါရိုက်တာအတွက် မကောင်းသော နိမိတ်တစ်ခုခုကိုပြသည့် အိမ်မက်များလားဟု မောဟိုက်စွာတွေးရင်း Chanyeol ရေတစ်ခွက်သောက်ကာ ထိတ်လန့်မှုတို့ကိုဖြေရသည်။
အိမ်မက်ထဲတွင် စိုးရိမ်ထိတ်လန့်စွာဖြင့် ဒါရိုက်တာ့ဆီသို့ပြန်လည်ပြေးသွားရင်းအော်နေခဲ့သလို တစ်ကယ့်လက်တွေ့တွင်လည်း Chanyeol သည် ဒါရိုက်တာ့အတွက် စိုးရိမ်စိတ်တို့ဖြင့် ဟိုတွေးဒီတွေးလျက် ပြန်လည်အိပ်ပျော်ဖို့ အချိန်အတော်ပင်ကြာခဲ့သည်ပဲဖြစ်သည်။
...........