အပိုင်း (၇)
ရုံးရောက်တာနဲ့ စားပွဲပေါ်မှ ပါဆယ်ထုပ်လေးက Baekhyun ကိုကြိုဆိုနေသည်။ ထူးဆန်းစွာ ရှိနေတဲ့ ဒီအထုပ်လေးက ဘာပါလိမ့်...။
Baekhyun အိတ်ကလေးကို ဖွင့်ကြည့်လိုက်တော့၊ ရေစိမ်ဂင်ချီတစ်ဘူး နှင့် ဘာနဲ့စိမ်ထားတာမှန်းမသိတဲ့သံပုရာသီးတစ်ဘူးရယ်...။
"ဘယ်သူပေးတာပါလိမ့်!"
စာလေးတစ်စောင်လည်းပါတာမို့ ဖတ်ကြည့်လိုက်သည်။
> သကြားရည်စိမ် သံပုရာ
-ရေခဲနဲ့ဖြစ်ဖြစ် ရေနွေးနဲ့ဖြစ်ဖြစ် ဖျော်သောက်ရန် -သကြားထပ်ထည့်စရာမလိုပါ <Baekhyun ရုံးခန်းထဲကထွက်ပြီး ပိုင်ရှင်ကိုစူးစမ်းမိသည်။ Marketing အဖွဲ့သားတွေမှာလည်း ဂင်ချီဘူးလေးတွေ တစ်ယာက် တစ်ဘူးစီနဲ့ တွေ့ရတာကြောင့် ဆယ်မီကို မေးကြည့်လိုက်တော့ အလုပ်သင် park ကလက်ဆောင်ပေးတာတဲ့လေ...။
"ဆယ်မီ၊ အလုပ်သင် park ကို ခဏလောက် လာခဲ့ပါလို့"
Baekhyun ကဆယ်မီ့နဲ့မှာလိုက်တာကြောင့် ခဏနေတော့ ဒါရိုက်တာရုံးခန်းထဲကို Chanyeol လှုပ်စိလှုပ်စီနှင့်ဝင်လာသည်။
"သကြားရည်နဲ့ နှပ်ထားတဲ့ သံပုရာသီးကို ပထမဆုံးမြင်ဖူးတာပဲ...။ Chanyeol shi ကိုယ်တိုင်လုပ်တာလား "
Baekhyun အမေးကို Chanyeol က ပြုံးလျက်ဖြေလာသည်။
"မဟုတ်ပါဘူး။ အမေလုပ်ပေးတာပါ ဂင်ချီရောပဲ"
"ဪ... ဒီသံပုရာ တစ်ခွက်လောက်ဖျော်ပေးပါလား။ ရေခဲနဲ့ပဲ...."
"Nae ဒါရိုက်တာ-nim ခဏပဲစောင့်ပါနော်"
Chanyeol ဘူးလေးကိုယူပြီး ခပ်သုတ်သုတ်ထွက်သွားပြီးနောက် ၅ မိနစ်လောက်နေတော့ သံပုရာရည်ခွက်လေးတစ်ခွက်ကိုင်ကာ ပြန်ဝင်လာသည်။
"ဒီမှာ ရပါပြီ ဒါရိုက်တာ-nim"
မသောက်ခင် သံပုရာရည်အနံ့လေးကို ရူရှိုက်မိတာနဲ့ လန်းဆန်းသွားသလိုခံစားလိုက်ရသည်။ အနံ့နဲ့တင် တော်တော်ထိရောက်နေတာမို့ Baekhyun မျှော်လင့်စွာ သံပုရာရည်ကို တစ်မော့သောက်လိုက်သည်။
ဘေးကနေ ဒါရိုက်တာ့ reaction ကို မျက်လုံးလေးပြူးကာ အံကြိတ်ပြီး စောင့်နေတဲ့ Chanyeol...