အပိုင်း (၉)
Jong In 📞:Chanyeol ya မင်းဖုန်းခေါ်ထားလို့
Chanyeol တစ်ယောက် ထမင်းကြော်နေရင်း ph ကိုနားနဲ့ ပုခုံးကြားညှပ်ပြီး Jong In ကိုပြန်ဖြေရသည်။
Chanyeol📞: အေးလေ ငါ မနေ့ကညနေတည်းက ခေါ်ထားတာကို မင်းက အခုမနက်မှ ပြန်ခေါ်တယ်၊
သေမယ့်သူဆို သေနေလောက်ပြီသိလားJong In 📞: အေးကွာ၊ ငါလည်း ညက နည်းနည်းများသွားလို့ ဒိုဂယောင်ဆူး အိမ်မှာ အိပ်လိုက်ရတာ
Chanyeol📞: ဟ၊ ဒါဆို မင်းလည်း ညက အိမ်ပြန်မအိပ်ဘူးပေါ့
Jong In 📞: မင်းကရော ပြန်မအိပ်ဘူးလား!?
Jong In နဲ့ Chanyeol အပြန်အလှန် အံ့ဩစွာမေးလိုက်ပြီးမှ Chanyeol ပြန်မအိပ်တဲ့အကြောင်းအရင်းကို Jong In ကတစ်ဆက်တည်းမေးလိုက်သည်။
Chanyeol📞: ငါလည်း အလုပ်က ဒါရိုက်တာ့အိမ်မှာ အိပ်တာ၊ အကြောင်းရင်းကို လူချင်းတွေ့မှ အသေးစိတ် ရှင်းပြမယ်ကွာ၊ ဒါပဲနော်....
Chanyeol ဖုန်းချပြီးနောက် ကြော်လက်စ ထမင်းကြော်ကို ဂင်ချီထည့်ကာ ဆက်ကြော်လိုက်သည်။
Chanyeol နိုးလာကတည်းက မနက်စာစားဖို့ မီးဖိုချောင်ထဲ ဝင်ပြီး ရှာကြည့်တော့ ဟင်းချက်စရာဘာညာ မတွေ့ရပေ။ ဒါရိုက်တာက တစ်ယောက်တည်းနေတာဆိုတော့ ဟင်းချက်မစားဖြစ်ဘူး ထင်ပါရဲ့၊ ခေါက်ဆွဲခြောက်ထုပ်တွေနဲ့ အသီးတွေပဲ တွေ့ရသည်။ ညကမစားဖြစ်တဲ့ ထမင်းက အဆင်သင့်ရှိနေတာမို့ ထမင်းကြော်နေခြင်းဖြစ်သည်။
တစ်ဖက်အခန်းထဲက Baekhyun ကတော့ လေထဲကတစ်ဆင့် မွှေးပျံလာတဲ့ ဂင်ချီထမင်းကြော်အနံ့ကြောင့် နိုးလာသည်။ အနံ့လာရာမီးဖိုချောင်ဘက်ကို လျှောက်လာမိတော့ကျောပြင်ကျယ် တစ်ခုကို တွေ့ရသည်။
"Chanyeol! ဟင်းချက်နေတာ!"
အနောက်ဘက်မှ အသံသေးသေးလေးကြောင့် Chanyeol လှည့်ကြည့်လိုက်တော့ pajamas အမဲလေးနဲ့ အိပ်ယာထခါစ ဒါရိုက်တာပေါက်စ ကို ချစ်ဖို့ကောင်းစွာ မြင်ရသည်။
"Nae, မနက်စာလေ"
Chanyeol ထမင်းကြော်လို့လည်း ပြီးသွားပြီမို့ ပန်းကန်ထဲထည့်ကာ ထမင်းစားပွဲပေါ်တင်ရင်း ထိုင်တော့ Baekhyun လည်း လိုက်ထိုင်လိုက်သည်။