အပိုင်း (၃)
Chanyeol တစ်ယောက် Taxi ပေါ်မှဆင်းဆင်းချင်း
ဆယ်ဟွန်းတို့ကျောင်းရှေ့က သစ်ပင်အောက်မှာ ရပ်ထားတဲ့ အဖေ့ကားလေးကိုတွေ့ရသည်။အဖေ့ကားထဲ အမြန်ဝင်လိုက်တော့ ကားမောင်းသူအဖေ့ဘေးက ထိုင်ခုံမှာ တရှူံရှုံ့ငိုနေတဲ့ အမေရယ်၊ အဖေ့ကိုတစ်လှည့် အမေ့ကိုတစ်လှည့်ကြောင်တောင်တောင်လေးလိုက်ကြည့်နေတဲ့ Sehun လေးကို တွေ့ရသည်။
"အမေ! ဘာတွေဖြစ်ကြတာလဲ!"
Chanyeol ကားနောက်ခန်းမှာ ဝင်ထိုင်ရင်း ကဗျာကယာမေးသည်။
"မင်းတို့အဖေကိုသာ မေးကြည့်တော့"
အမေက ငိုတာမှ မရပ်။ အဖေနဲ့သက်ဆိုင်နေတဲ့ကိစ္စများလားဟု Chanyeol တွေးမိလိုက်သည်။
အမေ့ကိုမေးလို့ မရမှန်းသိတော့ အဖေ့စကားကိုသာ ရင်တထိတ်ထိတ်နဲ့ စောင့်စားနေရသည်။
ကားနောက်ခန်းက သားနှစ်ယောက်ဘက်ကို
အဖေကတုန်ရီစွာလှည့်လာသည်။ အဖေပြောမည့်စကားတို့သည် Chanyeol တို့မကြားချင်သော စကားများဖြစ်လိမ့်မည်။ အဖေကိုယ်တိုင်လည်း ပြောမထွက်ချင်သော စကားလုံးများ..."သားတို့....
အဖေတို့ ကုမ္ပဏီပိတ်ရတော့မယ်။ ချွဲဂန်ဟို အယုတ်တမာကောင်! အဲ့ကောင် ပိုက်ဆံတွေယူပြီးပြေးသွားပြီ""ဗျာ!!!!"
ညီကိုနှစ်ယောက်လုံးဆီမှ ထွက်လာသော
အာမေဠိတ်သံဖြစ်သည်။ အဖေက တုန်ရီစွာဆက်ပြော၏။"အဖေတို့ ခဏတော့ ရှောင်နေမှဖြစ်မယ်။ အကြွေးရှင်တွေက သတင်းကြားတာနဲ့ လိုက်လာမှာ အနှေးနဲ့အမြန်ပဲ"
Sehun: "ဟမ် အကြွေးရှင်တွေ!!!"
Chanyeol: "အခု ကျွန်တော်တို့က ဝရမ်းပြေးတွေလို
ဖြစ်တော့မှာလား"Chanyeol နဲ့ Sehun တို့၏မျက်နှာလေးတွေက တော်တော်ကို အထိတ်တလန့်ဖြစ်နေသည်။
အဖေ့မျက်လုံးထဲတွင် သားလေးနှစ်ယောက်၏
သွင်ပြင်သည် ငယ်ငယ်က ကာတွန်းကားထဲကလို
ဂြိုလ်သားတွေ ကမ္ဘာကို ဖျတ်ဆီးမှာဆိုးလို့ အဖေ့ဆီ လာလာငိုကြသော မျက်နှာလေးတွေလိုပဲ...
အခုတော့ ငယ်ငယ်ကမျက်နှာလေးတွေထက် အဆပေါင်းများစွာ ပူပန်ထိတ်လန့်နေကြတာကို မြင်မိတော့ ဒီအဖေမှာ ရင်ထဲမချိ့အောင် အားနာနေရသည်။