𝕄𝕠𝕣𝕖 𝕒𝕟𝕕 𝕄𝕠𝕣𝕖 (2)

294 36 2
                                    

အပိုင်း (၂)

အတန်းသား ဆယ့်ငါးယောက်ခန့်ရှိနေသော Sculpture Department (ပန်းပုပညာ အဆောင်) တစ်ခုလုံးသည် professor မရှိသဖြင့် တီးတိုးစကားပြောသံခပ်ယဲ့ယဲ့များမှအပ ငြိမ်သက်အေးချမ်းနေသည်။

အတန်းထဲမှ ကျောင်းသားအားလုံးသည် ကိုယ်စီ ကိုယ်စီ assignment သော်လည်းကောင်း၊ presentation အတွက် သော်လည်းကောင်း သူ့အာရုံနှင့်သူ လှုပ်ရှားနေကြသည်။

Chanyeol သည်လည်း မြင်ကွင်းရှေ့မှ အလှတရားလေးအား ပန်းချီအဖြစ်ပြောင်းလဲပုံဖော်နေမိသည်။
ထိုအလှတရားလေးတစ်ဖြစ်လည်း ရှင်းဂျူ သည် နဂိုက Chanyeol ၏အရှေ့ဘက်တွင် ဘေးတိုက်အနေအထား ဖြင့်ထိုင်နေရင်းမှ Chanyeol ဘက်သို့ မျက်နှာချင်းဆိုင်
လှည့်လာသည်။ သူခိုးလူမိသည့် အနေအထားဖြင့်
ဆွဲလက်စ စာရွက်ကို လက်ဖြင့်အုပ်ကိုင်မိသည်မှာ Chanyeol ဖြစ်သည်။

Chanyeol လက်ထဲမှ ပုံတူ sketch လေး၏အရင်းအမြစ် မှာ မိမိဖြစ်ကြောင်းမသိသူ ရှင်းဂျူ မှာ Chanyeol အားပြုံးပြလာတော့ Chanyeol လည်း အယောင်ယောင်အမှားမှားဖြင့် ပြန်ပြုံးမိသည်။ သူမ ပြုံးလိုက်လျှင် အလွန်လှကြောင်း သူမကိုယ်သူမလည်း သိလောက်မည်။

မျက်နှာချင်းဆိုင်လှည့်လာသူမှာ Shin Ju ဆိုပေမယ့် စကားစပြောလိုက်သူမှာတော့ Chanyeol...

"ရှင်းဂျူ ယား... ဒီနေ့ အတန်းချိန်ပြီးရင်လေ ငါနင့်ကို
လိုက်ပို့မယ်ပြောထားတဲ့ ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာကို သွားကြမလား"

ရှင်းဂျူ သည် ၃ စက္ကန့်လောက် အသံရှည်ဆွဲကာ စဉ်းစားဟန်ပြုပြီးမှ

"Hummmm.... အိုခေ သွားကြတာပေါ့"

ရှင်းဂျူ သည် Orange Juice အအေးဗူးလေးအား Chanyeol ထံသို့လှမ်းပေးလာသည်။

"အာ အတော်ပဲ လူက အိပ်ငိုက်ချင်သလိုဖြစ်နေတာ
ဂိုမားဝေါ ရှင်းဂျူ"

"ယား... ဂျောင်ရှင်းဂျူ တစ်ကယ်ပဲ Chanyeol အပြင်
ဘာမှကိုမမြင်တော့ဘူးပဲ။ အခုချိန် အအေးဗူးပေးသင့်တဲ့သူက ငါပါ။ ညက သောက်တာများလို့ ခေါင်းတောင် မထောင်တော့ဘူး။ မူးလိုက်တာ"

Jong In သည် ခုံပေါ်ခေါင်းတင်၍မှောက်နေ​ရာမှ ဆံပင်တွေအား လက်နှစ်ဖတ်ဖြင့်ထိုးဖွရင်း အော်နေသည်။
ထိုအခါမှ Chanyeol တို့နှစ်ယောက်လုံး ဘေးမှ
ငှက်သိုက်ဆံပင်၊ ပန်ဒါမျက်ကွင်းများ နှင့် Jong in ဆီအကြည့်ရောက်သွားသည်။

More and MoreWhere stories live. Discover now