[Unicode]Part 30
__________________________
"ကြင်ယာတော်ကင်မ်က တကယ်ပဲ အရှင်မင်းကြီးရဲ့သွေးသားကိုလွယ်ထားရတယ်ပေါ့"
မျက်နှာတည်တည်နဲ့ ကိုယ်ရံတော်တပ်မှူးက ခေါင်းအသာငြိမ့်သည်။ မွန်းဟူရာသက်ပြင်းဖွဖွချမိသွား၏။
"ဒါက ပုံမှန်ဆို ယုံကြည်လက်ခံဖို့ခက်ခဲတဲ့ကိစ္စပဲ..."
"ပုံမှန်ဆိုယုံကြည်ဖို့ခက်ခဲတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ..."
အရှေ့၌ထိုင်နေသောမင်သားရှိုလီက သူ့စကားကိုမေးခွန်းထုတ်လာတော့ မွန်းဟူရာရဲ့မျက်ဝန်းတို့ကတည်သွားလျက်...
"ယောက်ျားလေးတစ်ယောက် ကိုယ်ဝန်ဆောင်လို့မရတာက ခန္ဓာကိုယ်ထဲမှာ သန္ဓေသားနေဖို့ သားအိမ်မရှိလို့ဆိုပေမယ့် ယောက်ျားလေးဆိုပြီး သားအိမ် လုံးဝပါမလာကြတာတော့မဟုတ်ဘူး... တစ်ချို့ယောက်ျားလေးတွေမှာ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှားယွင်းမှုကြောင့် သားအိမ်တွေပါလာတတ်ကြတယ်။ ဒါပေမယ့်လည်း အများစုကတော့ အသုံးမဝင်တဲ့ သားအိမ်အကန်းတွေပါပဲ"
"အဲ့လိုမျိုးရှိသေးတာလား"
"အင်း"
ရှိုလီရဲ့ဖြတ်မေးသောစကားကိုမွန်းဟူရာကခေါင်းငြိမ့်သည်။ ပြီးမှ သူ့စကားကိုပြန်ဆက်၏။
"သားအိမ်က အကန်းလဲဖြစ်တယ်၊ ပြီးတော့ ကိုယ်တိုင်က ယောက်ျားလေးလဲဖြစ်နေတာမို့ တစ်ခြားယောက်ျားသားတစ်ဦးနဲ့ ကိုယ်လက်နှီးနှောဖို့ဆိုတာ တွေးတောင် တွေးကြည့်ဖူးကြမှာမဟုတ်တဲ့ကိစ္စလေ၊ ဒါကြောင့်မို့ အမျိုးသားတစ်ယောက်ကိုယ်ဝန်ဆောင်နိုင်တယ်ဆိုတာ ထူးခြားဖြစ်စဉ်ဖြစ်သွားရတာ၊ ကြင်ယာတော်ကင်မ်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက အရင်ကတည်းက မှားယွင်းနေတာမှဟုတ်ရင် သူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုပြောင်းလဲစေတဲ့ဆေးတစ်မျိုးမျိုး လနဲ့ချီအောင်သုံးစွဲနေခဲ့လို့ ရင်သွေးလွယ်နိုင်ခဲ့တာပဲ ဖြစ်ရမယ်"
ကျိုးကြောင်းဆီလျော်တဲ့မွန်းဟူရာစကားကြောင့် ခေါင်းတငြိမ့်ငြိမ့်ဖြစ်သွားကြတဲ့သူနှစ်ယောက်။
YOU ARE READING
The Love Sleeping Under The Moonlight