"ရွေ့ရွေ့ ၊ ဆေးစစ်လိုက်ရင်ပြီးနေတာကို မနက်ထဲက ဘာတွေဂျီကျနေမှန်းမသိဘူး"
ချွမ်းရွေ့က သူ့လက်ကအပ်ပေါက်ရာနှစ်ခုကို ဟန်ဘင်းဆီထိုးပြရင်း
"လူကနေကောင်းနေပါပြီဆို ကိုကို က ဒီဆေးပဲစစ်ခိုင်းနေတယ်။ အခုကျ အမာရွတ်တွေကျန်ခဲ့ရင် ဘယ်လိုလုပ်မလဲ"
"အပ်ရာသေးသေးလေးက ဘယ်လိုလုပ်အမာရွတ်ကျန်မှာလဲ။ ရွေ့ရွေ့ ကြံဖန်မရစ်နဲ့ ။ ကားမဝယ်ပေးပဲနေလိုက်မှာ "
ကိုကို့ရဲ့ အဆုံးသတ်စကားကြောင့် ချွမ်းရွေ့က ဘာမှဆက်မပြောတော့ပဲ တိတ်ဆိတ်လိုက်ရတော့သည်။ တော်ကြာ ကားမဝယ်ရလို့ ကင်ဂျီအွန်း နဲ့ မတွေ့ရရင် ဘယ်လိုလုပ်မလဲ။
တက္ကသိုလ်ကျောင်းသားတစ်ယောက်မို့ ကင်ဂျီအွန်းရဲ့အနားကိုကပ်ဖို့ အဲ့တစ်နည်းကလွဲပြီး သူက မစဉ်းစားတတ်တော့ဘူးလေ။
"အရင်ဝယ်နေကျ showroom က ဘာဖြစ်လို့လဲ။ အခုတော့ ဟိုကဝယ်ရမှ ၊ ဒီကဝယ်ရမှ "
မနေ့ကဆိုလ်းကိုပြန်လာတုံးက မျက်နှာလေးတည်နေတဲ့ဟာအိုအကြောင်းတွေးမိပြီး စိတ်ပူနေပါတယ်ဆို ချေးများနေတဲ့ ချွမ်းရွေ့ကြောင့် ဟန်ဘင်း စိတ်က မကြည်လင်တော့။
"ကြိုက်တဲ့ကားရွေးလေ "
"ကိုကိုကြိုက်တာပဲဝယ်လိုက်"
ချွမ်းရွေ့ နဲ့ စကားပြောနေရင်း သူတို့အနားရောက်လာတဲ့ သူတစ်ယောက်။ သူ့ထက်အသက်ကြီးမယ်ထင်ရတဲ့ ဒီလူဟာ တော်တော်တော့ချောတယ်။ ထိုလူက သူတို့နဲ့စကားပြောနေတဲ့ ဝန်ထမ်းမလေးကို အလုပ်ကိစ္စတွေပြောပြီးတာနဲ့ ထွက်သွားပေမယ့် ဘေးကချွမ်းရွေ့ကတော့ ဂဏာမငြိမ်ဖြစ်လာတော့သည်။
"ကိုကို ၊ ရွေ့ရွေ့ ပတ်ကြည့်လိုက်ဦးမယ် "
ဟန်ဘင်း က 'မသွားနဲ့' လို့ ပြောတောင်မပြောရသေးခင်မှာတင် ချွမ်းရွေ့က ဘယ်နားရောက်သွားလဲတောင်မသိတော့။
"ညီမ ၊ စောနက ဒီကိုလာတဲ့သူက ဘယ်သူလဲ"
"ညီမတို့သူဌေး ကင်ဂျီအွန်း ပါ "
ဒီနာမည်ကြားတော့ ဟန်ဘင်းစိတ်ထဲ တစ်မျိုးတစ်မည်ခံစားလိုက်ရတယ်။ သူ့အသိအာရုံထဲ ကင်ဂျီအွန်း ဆိုတဲ့ နာမည်ကို ကြားဖူးနေသလိုမျိုး။ ရင်းနှီးနေသလိုခံစားရတဲ့ ဒီနာမည်က ဘာများပါလိမ့်။
YOU ARE READING
Formed By Tear
Fanfictionမုန်းလိုက်တာ မောင်ရယ်။ ငါ့ကိုမချစ်တဲ့မောင့်ကို သိပ်မုန်းတာပဲ။ Sung Han Bin & Zhang Hao Side Couple [ Minamz ]