Side Story - 3

854 111 180
                                    

//Kim မနက်က ဖုန်းမဆက်ဖြစ်တာ ကျွန်တော်တောင်းပန်ပါတယ်//

//Kim နေ့လည်စာစားပြီးပြီလား//

//ကျွန်တော်က အခုအိမ်မှာမဟုတ်ဘူး။ ကျောင်းပိတ်ရက်ဆိုတော့ ဈေးဝယ်ထွက်နေတာ //

//ချစ်တယ်နော် Kim //

ချွမ်းရွေ့ဘက်က စာတွေတစ်စောင်ပြီးတစ်စောင်ပို့နေခဲ့လည်း Kim ကတော့ တစ်ချက်လေးတောင်မှ ဝင်မကြည့်ခဲ့ဘူး။ ဒါပေမယ့် သူပို့ထားတဲ့စာကို ချွမ်းရွေ့က ၅ မိနစ်အတွင်း ဝင်မကြည့်မိရင်တော့ အပြစ်ရှာခံရတော့တာပဲ။

ချွမ်းရွေ့ နဲ့ ကင်ဂျီအွန်းက ချစ်သူတွေဆိုပေမယ့်လည်း ချွမ်းရွေ့ဟာ တခါတလေတော့ Kim ဟာ သူ့အပေါ် မကျေနပ်တာများ ရှိလို့လားလို့ တွေးနေမိတယ်။ သူ့ဘက်က အမြဲတမ်းအလျှော့ပေးပြီး Kim စကားတစ်ခွနခးဆိုတစ်ခွန်းနားထောင်ရင်တောင် ကင်ဂျီအွန်းကတော့ သူ့ကို ဂရုမစိုက်‌ဆဲပါပဲ။

အကြောင်းပြချက်အမျိုးမျိုးနဲ့ ကင်ဂျီအွန်းဟာ သူ့အပေါ်အနိုင်ယူတယ်။ အဖြူထည်သံယောဇဉ်နဲ့ ညီအစ်ကိုတွေဆိုတာ သိနေရက် "ဆောင်းဟန်ဘင်း နဲ့ သဝန်တိုတယ်" ဆိုပြီး အချိန်တိုင်းလိုလို ပြဿနာရှာတယ်။ တခါတလေဆို ကင်ဂျီအွန်း နဲ့ ဘယ်လိုညှိယူရမလဲတောင်မသိဘူး။ ဒါပေမယ့် ချွမ်းရွေ့က ကင်ဂျီအွန်းနားက စွန့်ခွာဖို့စိတ်ကူးတော့မရှိခဲ့ဘူး။

"CEOသေးသေးလေး"

အင်္ကျီဆိုင်ထဲ ဟိုဒီကြည့်နေရင်း အမှတ်တမဲ့တွေ့လိုက်ရတဲ့ ကျန်းဟာအိုကြောင့် ချွမ်းရွေ့မျက်နှာဟာ အပြုံးလေးတွေဖုံးလွှမ်းသွားရတယ်။ ဘာကြောင့်လဲမသိပေမယ့် ကျန်းဟာအိုကို မြင်လိုက်ရရင် ချွမ်းရွေ့က အလိုလိုပျော်လာတယ်။ သူ့စိတ်ထဲမှာ ကျန်းဟာအိုက သူ့အပေါ်အလိုလိုက်မယ်လို့ ထင်နေမိတယ်။

"အာ- ရှန်ချွမ်းရွေ့"

"CEOသေးသေးလေးကလည်း ။ နာမည်အရင်းကြီးခေါ်ပြန်ပြီ။ ရွေ့ရွေ့လို့ခေါ်ဖို့ပြောထားတယ်လေ "

ဆူပုတ်ပုတ်နဲ့ပြောလာတဲ့ ချွမ်းရွေ့ကြောင့် ဟာအိုက မထင်မှတ်ပဲ ပြုံးမိသွားရတယ်။ ဒီကလေးက လွန်ခဲ့တဲ့ ၅ နှစ်ထဲကနေ အခုချိန်ထိသူ့ကို ပြုံးအောင်လုပ်နိုင်တုံးပဲ။
သူ့ကိုကျ နာမည်အတိုကောက်ခေါ်ခိုင်းပြီး ဟာအိုကိုကျ CEO သေးသေးလေးတဲ့။ ဝန်ထမ်းတိုင်းက လေးစားရတဲ့သူ့ကို ရှန်ချွမ်းရွေ့က ဘာထင်နေတာလဲမသိဘူး။

Formed By Tear Where stories live. Discover now