Side Story - 10

764 73 71
                                    

"ကျွန်တော့်ကို တစ်သက်လုံးအိမ်ထဲမှာပဲပိတ်ထား‌မလို့လား !
ဘယ်တော့မှ အပြင်ထွက်ခွင့်ပေးမှာလဲ။ ကင်ဂျီအွန်း"

အိမ်ထဲမှာနေရတာပျင်းလွန်းလို့ ခြံထဲလမ်းဆင်းလျှောက်တာတောင် အနောက်ကနေ တကောက်ကောက်လိုက်နေတဲ့ ကင်ဂျီအွန်းရဲ့တပည့်တွေကြောင့် ချွမ်းရွေ့ကစိတ်ပိုရှုပ်ရတာပဲအဖတ်တင်တယ်။ တစ်ယောက်တည်းနေချင်တယ်လို့ပြောတာတောင် သူဌေးဆူလိမ့်မယ် ဆိုပြီး ဇွတ်ငြင်းနေတာကြောင့် ဘယ်လိုမှသည်းမခံနိုင်တော့ပဲ ကင်ဂျီအွန်းရှိတဲ့အခန်းထဲကို တတ်ကာ အော်ဟစ်မိတော့တယ်။

အိမ်ထဲအပိတ်ခံရတာချင်းတူရင်တောင် ကင်ဂျီအွန်းအလုပ်သွားတဲ့နေ့ဆိုရင် နေရတာလွတ်လပ်သေးတယ်။ အိမ်မှာ ကင်ဂျီအွန်းရှိနေရင် တစ်ဆိတ်ရှိ ချွမ်းရွေ့ကိုသူ့အနားချည်း ဆွဲခေါ်နေတာမို့ အနေကြုံ့ရတယ်။ အခုလည်း ချွမ်းရွေ့ဘက်က ဝေးဝေးရှောင်နေတာတောင် ဒေါသထွက်စရာကိစ္စတွေကြောင့် ကငါဂျီအွန်းဆီ တကူးတကလာနေရတယ်။

"အိမ်ထဲပိတ်ထားတာအားမရလို့ နေရာတကာမျက်စိထောင့်ထောက်လိုက်ကြည့်နေတာ။ ခင်ဗျား တော်တော်တရားလွန်နေပြီနော် ကင်ဂျီအွန်း !! "

ချွမ်းရွေ့က ဒေါသထွက်လို့အော်ဟစ်နေလည်း ကင်ဂျီအွန်းက  ဘာအပြစ်မှမလုပ်ထားသလိုမျိုး ခပ်ပြုံးပြုံးပဲ။ပတ်ဝန်းကျင်အမြင်မှာဆိုရင် ဆိုးသွမ်းနေတဲ့သူကိုတောင် အမြဲသည်းခံပေးတဲ့ ချစ်သူကောင်းတစ်ယောက်ပုံစံ။

လက်မခံနိုင်စရာကိစ္စတွေနဲ့ နာကျင်အောင်လုပ်ခဲ့တာက ကင်ဂျီအွန်းဆိုပေမယ့် ချွမ်းရွေ့ဘယ်လောက်အော်ဟစ်ဆူပူပါစေ၊ အမြဲသည်းခံနေတတ်တဲ့ ကင်ဂျီအွန်းကြောင့် ချွမ်းရွေ့ကပဲ အမြဲလူဆိုးဖြစ်ရတယ်။

"ဒေါသတွေအရမ်းကြီးနေတာပဲကွာ"

အလုပ်စားပွဲမှာလက်ထောက်ထားတဲ့ချွမ်းရွေ့ကို လက်ကောက်ဝတ်ကနေ သူ့ပေါင်ပေါ်အထိဆွဲချလိုက်တဲ့သူက ချွမ်းရွေ့ကို အရုပ်တစ်ရုပ်လိုများထင်မှတ်နေသလားမသိ။

"ကင်ဂျီအွန်း ၊ ကင်ဂျီအွန်းနဲ့ ဆူညံနေတာပဲ။
ဟိုနေ့ညကလို Kim လို့ပြန်ခေါ်ဦးလေ"

Formed By Tear Where stories live. Discover now