ဟန်ဘင်းဟာ မထင်မှတ်ထားတဲ့ ညတစ်ညမှာပဲ ကျန်းဟာအိုကို ချစ်သူအဖြစ် ကောက်ရခဲ့တယ်။
ရင်ခုန်တတ်စအရွယ်ထဲက အခုချိန်ထိ ဘယ်တစ်ဦးတစ်ယောက်ကိုမှ မချစ်ခဲ့ဖူးတာမို့ ကျန်းဟာအိုဟာ သူ့ရဲ့ဘဝလို့တောင် ပြောလို့ရတယ်။ သူ့အသက်လိုမျိုး တန်ဖိုးထားရတာမို့ မြတ်မြတ်နိုးနိုးနဲ့ ခေါ်မိတဲ့နာမ်စားဟာ "အသက်ကလေး"။
မာနခဲလေးမို့ စတွေ့ချိန်ထဲက ဟန်ဘင်းဟာ ဟာအို ရဲ့ စိတ်ဆန္ဒ၊သဘောထားတွေကိုပဲ အမြဲဦးစားပေးခဲ့တယ်။ လိုအပ်တာရှိလို့ ဖုန်းဆက်လိုက်တိုင်း တစ်ခဏအတွင်း ဟာအိုရှေ့ကို အမြဲရောက်နေတတ်တာ ဟန်ဘင်း။
လေသံအေးအေးလေးနဲ့ ဖြစ်ချင်တာကို ပြောလိုက်တိုင်း အမြဲလုပ်ပေးတတ်တာ ဟန်ဘင်း။ကျန်းဟာအိုလေးကရော ဟန်ဘင်းကို ချစ်ရဲ့လား။
ဟန်ဘင်းထက် မာနကို ဦးစားပေးနေပေမယ့် ၊ ဟန်ဘင်းအပေါ် အရာရာအနိုင်ယူနေပေမယ့် ကျန်းဟာအို ရဲ့ အချစ်တွေကိုတော့ ဟန်ဘင်းက ခံစားမိပါတယ်။"အသက်ကလေး၊ မောင်ဘာလုပ်ပေးရမလဲ"
"နောက်အပတ်ကျရင် ကိုယ်စာမေးပွဲဖြေရမှာ။ဒီနေ့ကစပြီး စာမေးပွဲမပြီးခင်အထိ ညဘက်တွေ ဖုန်းမဆက်နဲ့တော့"
"ဘာလို့လဲ"
ဟန်ဘင်းစကားကို ပြန်မဖြေတတ်တာမို့ ဟာအိုက အကြည့်လေးတစ်ခုနဲ့သာ တုံ့ပြန်လိုက်တယ်။ အခုလို မတားမြစ်ချင်ပေမယ့် သူ့အကြောင်းသူသာ သိတယ်။ ညဘက်တွေ မောင်နဲ့ ဖုန်းပြောလိုက်ရင် ဟာအိုက ဘာစာမှမလုပ်ဖြစ်တော့ပဲ တစ်ညလုံး မောင့်အကြောင်းပဲ တွေးနေမိတုံး။
ဟာအိုက ပညာရေးနဲ့ပတ်သတ်ရင် လောဘကြီးတယ်။ သူတိုးတတ်မယ့်လမ်းကြောင်းကိုပဲ ဦးစားပေးတတ်သူမို့ ခဏတာလောက်တော့ မောင့်ကို နောက်ရွေ့ထားမှ ဖြစ်မယ်။
"စာမေးပွဲနီးနေတာ စာကို ဦးစားပေးရမှာပေါ့။
မောင်က ကိုယ့်ကို စာမေးပွဲမှာ အမှတ်နည်းစေချင်လို့လား"စိတ်ထဲက အမှန်တရားနဲ့ ခြားနားစွာ ၊ ထွက်လာတဲ့ စကားတွေဟာ မောင့်ကို ကန့်လန့်တိုက်တာတွေချည်း။ မောင်သာ သူ့စိတ်ထဲက စကားတွေကို သိသွားခဲ့ရင် "ဟာအိုက သူ့ကို အရမ်းချစ်ပါလား" ဆိုပြီး တွေးထင်သွားမှာ ကြောက်တယ်။
မောင့်ကို ဘယ်လောက်ပဲချစ်နေပါစေ ၊ မောင့်စိတ်ထဲမှာတော့ ပိုချစ်ရသူဟာ မောင်ပဲ ဖြစ်စေချင်တယ်။
YOU ARE READING
Formed By Tear
Fanfictionမုန်းလိုက်တာ မောင်ရယ်။ ငါ့ကိုမချစ်တဲ့မောင့်ကို သိပ်မုန်းတာပဲ။ Sung Han Bin & Zhang Hao Side Couple [ Minamz ]