"ငါက ဒီကနေထွက်လို့မရတော့ဘူးလား"
ထွက်ပြေးချင်ရင်တောင် ပြေးလို့မရနိုင်အောင် လုပ်ထားတာမို့ ချွမ်းရွေ့မှာ ကုတင်ပေါ်ထိုင်နေရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူး။ ခုန်ချစရာပြတင်းပေါက်လည်းမရှိသလို သူ့ကိုအချိန်ပြည့်စောင့်ကြည့်နေတဲ့ CCTV ကလည်းရှိနေပြန်တယ်။ ကိုယ့်အသက်နဲ့ခြိမ်းခြောက်ပြီးအိမ်ပြန်ပို့ခိုင်းရအောင်လည်း ဒီအခန်းထဲမှာ ကုတင်တစ်လုံးနဲ့ဆိုဖာကလွဲပြီး ဘာမှရှိမနေဘူး။
ကင်ဂျီအွန်းက သေသေချာချာကို အကွက်ကျကျနဲ့စီစဉ်ထားတာမို့ ချွမ်းရွေ့မှာ ငိုချင်လာရတယ်။ သူ့ကို ခံစားရအောင်လုပ်ခဲ့ပြီးတာတောင် ကင်ဂျီအွန်းက ဘာလို့များ သူ့ကို ထွက်သွားခွင့်မပေးရတာလဲ။
ချွမ်းရွေ့ရဲ့ ဖုန်းကလည်း ဘယ်ဆီရောက်နေမှန်းတောင်မသိ။ ဘာအလုပ်မှလုပ်စရာမရှိတာမို့ ပျင်းပျင်းနဲ့ နောက်တစ်ကြိမ်အိပ်ပျော်သွားတဲ့ ချွမ်းရွေ့ဟာ အိမ်ကအလုပ်သမားတစ်ယောက်လာနှိုးမှပဲ နိုးလာတော့တယ်။
"သခင်လေး ၊ Boss က ညစာစားဖို့ အောက်ထပ်ကိုဆင်းခဲ့ပါတဲ့"
"သူ့ကို ပြန်ပြောလိုက်။ လုံးဝဆင်းမလာနိုင်ဘူးလို့ "
"သခင်လေး ၊ ဒါပေမယ့် ...."
ဆက်ပြောမယ့်စကားတွေက ချွမ်းရွေ့ရဲ့အကြည့်စူးစူးကြောင့် ရပ်တန့်သွားကာ ထိုအလုပ်သမားလေးက ခေါင်းကုတ်ပြီး အခန်းထဲကထွက်သွားတော့သည်။ ခဏကြာတော့ အခန်းထဲဝင်လာတဲ့ ခြေသံကို ကြားလိုက်ရတာမို့ ဘယ်သူလဲဆိုပြီးလှည့်ကြည့်ဖို့လုပ်တုံးမှာ ချွမ်းရွေ့ဟာ ခါးအောက်ကနေ မင်းသမီးလိုပွေ့ချီတာမျိုး ခံလိုက်ရတယ်။
ရုတ်တရက်ဖြစ်သွားတဲ့အခြေအနေတစ်ခုမှာ ချွမ်းရွေ့ကအလန့်တကြားဖြစ်သွားလို့ သူ့လက်တွေကမရည်ရွယ်ပါပဲ ကင်ဂျီအွန်းရဲ့ ပုခုံးကို သိုင်းဖက်မိသွားတယ် ။
"ခင်ဗျား ၊ ဒါဘာလုပ်တာလဲ ! "
"စောနကကိုယ်ခေါ်ခိုင်းတုံးက ဆင်းမလာတာ အခုလိုအပွေ့ခံချင်လို့ ဉာဏ်ဆင်တာမလား"
ချွမ်းရွေ့က ကလန်ကဆန်လုပ်လည်း ကင်ဂျီအွန်းဟာ တစ်ဖက်သတ်အတွေးတွေနဲ့ ချွမ်းရွေ့ကို ဇွတ်တရွတ်လုပ်တယ်။ အခုလည်းသူ့ကိုပွေ့ချီထားရက်နဲ့ အပေါ်ထပ်ကနေ အောက်ထပ်ကို ဆင်းနေတာမို့ ချွမ်းရွေ့မှာ ပြုတ်ကျသွားမှာကြောက်ပြီး ရင်တလှပ်လှပ်။
YOU ARE READING
Formed By Tear
Fanfictionမုန်းလိုက်တာ မောင်ရယ်။ ငါ့ကိုမချစ်တဲ့မောင့်ကို သိပ်မုန်းတာပဲ။ Sung Han Bin & Zhang Hao Side Couple [ Minamz ]