Side Story - 11

809 89 122
                                    

"ကိုယ့်မှာ ချစ်လိုက်ရတာကွာ"

ကုတင်ပေါ်မှာစောင်တွေနဲ့ လုံးထွေးပြီးအိပ်ပျော်နေတဲ့ ရှန်ချွမ်းရွေ့ဟာ တကယ့်ကိုချစ်စရာ။ ဆံပင်လေးတွေပွရှုပ်နေပြီး ‌ဖိအိပ်ထားတာမို့ ပါးလေးတစ်ဖက်ကလည်း ဖောင်းဖောင်းလေးလိုဖြစ်နေပြန်တယ်။ ဘယ်လိုကြည့်ကြည့် ဒီကလေးလေးဟာ မေတ္တာတွေ တနင့်တပိုးပေးချင်စရာ။

ရှန်ချွမ်းရွေ့ဆိုတဲ့ဖြစ်တည်မှုလေးဟာ ဘယ်လောက်တောင်မှ အဖိုးတန်လိုက်သလဲ။

အချိန်တွေသာ နောက်ပြန်လှည့်လို့ရရင် စတွေ့ချိန်ထဲက ရှန်ချွမ်းရွေ့ကို ကောင်းကောင်းလေးဆက်ဆံပေးခဲ့မိမှာ။ အထင်တွေသာမလွဲခဲ့ရင် ၊ သူသာ သေချာစုံစမ်းခဲ့ရင် အခုလိုမျိုး သူတို့နှစ်ယောက်ကြားမှာ နာကျင်စရာတွေဖြစ်လာမှာမဟုတ်ဘူး။ သူတို့နှစ်ယောက်ရဲ့ဘဝဟာ အရမ်းပျော်ဖို့ကောင်းနေတော့မှာ။

ဒါပေမယ့်လည်း သိပ်တော့ နောက်မကျသေးပါဘူး။ ချွမ်းရွေ့ကို ရင်ခွင်ထဲထည့်ထားနိုင်သေးတဲ့အပြင် ချွမ်းရွေ့ဟာ ဂျီအွန်းကိုလည်း ချစ်နေသေးတာမို့ သူ့မှာအခွင့်အရေးတွေရှိပါသေးတယ်။

"ကလေးလေး ၊ ကိုယ်ခရီးသွားတုံး ကောင်းကောင်းနေခဲ့နော်။ ကိုယ်စိတ်ချမယ်"

ပါးဖောင်းဖောင်းလေးတစ်ဖက်ကို မွှေးကြူပြီးတာနဲ့ ဂျီအွန်းဟာ အခန်းထဲကနေ ထွက်လာခဲ့လိုက်တော့သည်။ နှစ်ရက်တာခွဲဖို့အတွက် အားဆေးအနေနဲ့ ချွမ်းရွေ့ရဲ့အသံကိုကြားချင်ပေမယ့် မနက်စောစောမို့ အိပ်ရေးမဝမှာစိုးရိမ်ပြီး မနှိုးတော့တာဖြစ်တယ်။

သူခရီးသွားနေချိန်အတွင်း ချွမ်းရွေ့ကို မျက်စိထောင့်‌ထောက်လိုက်ကြည့်ဖို့ ၊ ခြံပြင်ကိုတောင်ခြေမချစေဖို့ ဝန်ထမ်းတွေကို အထပ်ထပ်မှာရင်း ဘူဆန်ကိုထွက်လာခဲ့လိုက်တော့သည်။
အခုခရီးကပြန်လာရင်တော့ သူနဲ့ ချွမ်းရွေ့လည်း ထပ်မဝေးတော့ဘူးထင်ပါရဲ့။

-

-

ဂျီအွန်းကပဲ အကဲပိုတယ်ဆိုဆို ချွမ်းရွေ့နဲ့ တစ်ရက်လောက်လေးခွဲရုံနဲ့ကို တစ်နှစ်လောက်ဝေးနေသလိုမျိုး လွမ်းနေရပြီ။ အလုပ်ကိစ္စကခဏလေးပေမယ့် ဘူဆန်ရောက်ပြီးကာမှ ဆောက်လက်စတိုက်မှာငြမ်းပြိုကျလို့ ဂျီအွန်းကပဲ အလုပ်သမားတွေအတွက် တာဝန်ယူဖြေရှင်းရတယ်။
ခဏခဏဖုန်းဆက်မယ်ဆိုတဲ့စိတ်ကူးကလည်း ငြမ်းပြိုကျလို့ ထိခိုက်ဒဏ်ရာရတဲ့အလုပ်သမားတွေကို လျော်ကြေးပေးဖို့ကတစ်မျိုး၊  အစိုးရနဲ့မငြိအောင်ဖြေရှင်းရတာတစ်မျိုး ၊ ပျက်စီးဆုံးရှုံးတာတွေကို လုပ်ရတာတစ်မျိုးနဲ့ ဂျီအွန်းမှာ ဖုန်းတောင်မကိုင်ဖြစ်ခဲ့။

You've reached the end of published parts.

⏰ Last updated: May 29 ⏰

Add this story to your Library to get notified about new parts!

Formed By Tear Where stories live. Discover now