Part - 12

638 58 22
                                    

"မင်းမိဘနဲ့ပြန်အဆင်ပြေသွားတာ မောင့်ကို ဘာလို့မပြောတာလဲ"

အမွေဖြတ်စွန့်လွှတ်ပြီး သူတို့အိမ်ထောင်ရေးကို ခါးခါးသီးသီးငြင်းဆန်နေခဲ့တဲ့ ဟာအို့အဖေက ဟာအိုကိုပြန်လက်ခံပြီး ကုမ္ပဏီမှာတောင် ရာထူးတစ်ခုနဲ့အလုပ်ပြန်ဆင်းစေခဲ့တယ်။ဒါပေမယ့် ဒီအကြောင်းတွေကို ဟန်ဘင်းကတစ်ခုမှမသိခဲ့ရဘူး။

ကျောင်းကနေအတူတူပြန်နေရာကနေ အိမ်ပြန်ချိန်တွေမတူတော့တာ နောက်ဆုံးနှစ်မို့ thesis အတွက် အချိန်ပေူရတယ်ထင်နေခဲ့တာ။ ဒီနေ့ဟန်ဘင်းအတန်းစောဆင်းတုံး ဟာအို့ကို သွားကြိုကာမှ ဟာအိုသူငယ်ချင်းနဲ့တွေ့ပြီး အကြောင်းစုံသိခဲ့ရတယ်။

ဟာအိုနဲ့ ဟန်ဘင်းက လက်ထပ်ထားကြတဲ့ အနီးကပ်ဆုံးဆက်ဆံရေးတွေ။ တစ်အိမ်ထဲအတူတူနေပေမယ့် ဟာအိုနဲ့သက်ဆိုင်သမျှဘာမှမသိရတာက ဟန်ဘင်းကအရေးမပါလို့လား။ မသိစေချင်လို့လား။

"မောင်ကရော မေးလို့လား"

"မှားနေတာ မင်းနော်။ ဘာလို့မောင့်ကို အပြစ်ပြန်ဖို့နေရတာလဲ"

"ငါ့မိဘနဲ့အဆင်ပြန်ပြေသွားတာကို မောင်သိလို့ရော ဘာထူးမှာမလို့လဲ"

"မင်းနဲ့မောင်က လက်ထပ်ထားတာနော်။ ဒီလောက်တော့ မောင့်မှာ သိခွင့်ရှိတယ်။ ပြီးတော့ မင်းအဖေက ‌မင်းတစ်ယောက်တည်းကိုပဲလက်ခံတာမလား။ မောင့်ကိုသဘောမကျဘူးလေ"

အဲ့တာတွေကြောင့်ပဲ ဟာအိုက မောင့်ကို မပြောပြချင်တာ။ ဟာအိုတစ်ယောက်တည်းဆို ဝင်ချင်ဝင်၊ထွက်ချင်ထွက် ခွင့်ပြုပေမယ့် ဟန်ဘင်းကို အရိပ်တောင်လက်မခံတဲ့ သူ့အဖေကြောင့် ဟာအိုက သူ့အိမ်နဲ့မောင့်ကို ခပ်ကင်းကင်းနေစေချင်ခဲ့တာ။ ဒီအကြောင်းတွေ မောင်သိရင်လည်း ဝမ်းနည်းရမယ်လေ။

ပါပါးတို့ပြန်လက်ခံတာမကြာသေးသလို ကုမ္ပဏီက လက်ရှိသူ့အလုပ်တွေ၊ရာထူးတွေကလည်း မတည်မြဲသေးတဲ့အခြေအနေမို့ ပါပါးကို ကလန်ကဆန်မလုပ်ချင်တာလည်းပါတယ်။ လက်ရှိအခြေအနေမှာ ပါပါးနဲ့မောင့်ကြားကို သူဝင်စေ့စပ်လိုက်ရင် အခုရထားတဲ့သူ့အခွင့်အရေးတွေပါပျောက်ဆုံးသွားနိုင်တယ်။

Formed By Tear Where stories live. Discover now