" ကိုကို နေကြာခင်းကြီးကလှတယ်နော်"
ဟန်ဘင်းတို့က အခု ဆိုလ်းမြို့အထွက်က နေကြာခင်းထဲမှာ။
စက်ရုံအသစ်ဆောက်ဖို့ မြေနေရာလာကြည့်တာကို "သူမလိုက်ရရင် ကိုကို့ ကိုမခေါ်တော့ဘူး" ဆိုတဲ့ ရွေ့ရွေ့ ရဲ့စကားကြောင့် မခေါ်ချင်ပေမဲ့ခေါ်လာခဲ့ရတယ်။
ရွေ့ရွေ့ က ငယ်ငယ်ထဲကချူချာတာမလို့ ပင်ပန်းမှာစိုးလို့ မခေါ်ချင်တာ။ ဒါပေမဲ့ အခုမြေနေရာကြည့်ပြီးအပြန် နေကြာခင်းထဲမှာပျော်နေတဲ့ ကလေးကြောင့် သူလည်း ထပ်တူပြုံးလိုက်မိတယ်။နေကြာခင်းထဲမှာ သူ့ရဲ့ပထမဆုံးနဲ့နောက်ဆုံးအချစ်ကို ရှာတွေ့ခဲ့တာမို့ အမှန်ဆိုနေကြာခင်းထဲကို မလာချင်ဘူး။
အရာရာဟာ နေကြာခင်းထဲမှာပဲ အစပြုခဲ့တာမို့ ဟန်ဘင်းကဖြစ်နိုင်ရင် နေကြာတွေနဲ့ ဝေးဝေးမှာပဲနေလိုက်ချင်တော့တယ်။
နေကြာခင်းထဲမှာ ဓာတ်ပုံရိုက်နေတဲ့ ရွေ့ရွေ့ကိုကြည့်နေရင်း မြည်လာတဲ့ဖုန်းသံကြောင့် ဟန်ဘင်းက ဖုန်းနံပါတ်ကိုမကြည့်ပဲ ကိုင်လိုက်မိတယ်။"ဟယ်လို "
"မတွေ့တာကြာပြီနော် ဟန်ဘင်း။ ချွမ်းရွေ့ကော နေကောင်းရဲ့လား"
ရင်းနှီးနေတဲ့အသံကြောင့် ဟန်ဘင်းက ဒေါသမပေါက်ကွဲမိအောင် စိတ်ကိုအမြန်ထိန်းလိုက်ရတယ်။ ဒီလူကြီးနဲ့ပတ်သတ်နေရတာလည်း ချွမ်းရွေ့ နဲ့ သူ့ရဲ့ ဝဋ်ကြွေးတစ်ခုလိုပဲ။
"ခင်ဗျားပါးစပ်က ရွေ့ရွေ့နာမည်ထွက်လာစရာမလိုဘူး။ အခုဖုန်းဆက်တာကရော ဘာပြောမလို့လဲ "
"နောက်လရရင် SK ရဲ့ နှစ်ပတ်လည်ပွဲရှိတာ မေ့နေမှာစိုးလို့လေ။ ပြီးတော့ သားလေးချွမ်းရွေ့ကိုလည်း စိတ်ပူလို့ပါ"
"စိတ်ပူစရာမလိုဘူး။ ရွေ့ရွေ့က ခင်ဗျားသားလည်း မဟုတ်ဘူး။ ပထွေးက ပထွေးလိုနေ ။ အပိုတွေလာမလုပ်နဲ့ "
"ရွေ့ရွေ့ကိုဖုန်းဆက်ပြီးလည်း စိတ်အနှောင့်အယှက်မပေးနဲ့။
သူစိတ်ညစ်ရရင် ခင်ဗျားမလွယ်ဘူး'တစ်ဖက်က ဖုန်းချသွားမှပဲ ဟန်ဘင်းက စိတ်ကိုလျှော့ချလိုက်ရတယ်။ သူတောင် ဒီလောက်စိတ်အနှောင့်အယှက်ဖြစ်ရရင် တကယ်လို့ အဲ့လူသာ ရွေ့ရွေ့ကို ဖုန်းဆက်ပြီးမဟုတ်တာတွေသွားပြောနေရင် ဘယ်လိုလုပ်မလဲ။ လောဘကြီးတဲ့ ဒီလူက မဟုတ်တာတွေလုပ်ချင်လုပ်နေမှာ။ မဖြစ်ဘူး။ ရွေ့ရွေ့ကို ဖုန်းနံပါတ်စိမ်းတွေဆို ဖုန်းမကိုင်ဖို့ပြောထားရမယ်။
YOU ARE READING
Formed By Tear
Fanficမုန်းလိုက်တာ မောင်ရယ်။ ငါ့ကိုမချစ်တဲ့မောင့်ကို သိပ်မုန်းတာပဲ။ Sung Han Bin & Zhang Hao Side Couple [ Minamz ]