"ကျန်းဟာအို"
"အံဩသွားလို့လား။ တစ်ဖက်ကုမ္ပဏီက ငါ့အသိလေ။ ဒါကြောင့်လာတာ မင်းကို ထိခိုက်နေလို့လား"
ဟန်ဘင်းက စကားနည်းရန်စဲဖြစ်အောင် လျှောချလိုက်ရတယ်။ အရင်က ချစ်ခဲ့သလောက် ဘာလို့ဒီလောက်ထိ စကားနာထိုးပြီး ညှိမရဖြစ်နေလဲ နားမလည်နိုင်တော့ဘူး။
"ဟိုဟာ ကင်ဂျီအွန်းမလား။ သူ့ဘေးကတစ်ယောက်က ဘယ်သူလဲ"
"ကင်ဆယ်ရာတဲ့။ သူနဲ့လက်ထပ်မယ့်သူလို့ပြောတာပဲ"
"အခုလိုမြင်လိုက်ရတာ ချွမ်းရွေ့တော့ တော်တော်ခံစားနေရမှာပဲ"
ဟာအို ပြောချင်တာ ဘာအဓိပ္ပာယ်လဲ။ ဒါဆို ချွမ်းရွေ့က ကင်ဂျီအွန်းကိုကြိုက်နေတယ်ဆိုတာ သေချာနေပြီလား။
သူတောင်မသိတဲ့ကိစ္စကို ကျန်းဟာအိုက ဘယ်လောက်ထိတောင်သိနေတာလဲ။"စောနကစကားက ဘာအဓိပ္ပာယ်လဲ"
"မင်းက ဘယ်လိုထင်လို့လဲ "
သိချင်တာကို သေချာမေးမှဖြစ်မှာမို့ ဟန်ဘင်းက ဟာအိုကို လက်ကနေဆွဲကာ အရေးပေါ်လှေကားနားထိခေါ်လာခဲ့လိုက်တယ်။
"ငါ့ကို သေချာပြော။ ရွေ့ရွေ့ နဲ့ ကင်ဂျီအွန်းက ဘာတွေလဲ။
မင်းဘာတွေသိထားသေးလဲ""ချွမ်းရွေ့နဲ့ပတ်သတ်ရင် မသိတာမရှိတဲ့ ဆောင်းဟန်ဘင်းက ဒါကိုတော့ မသိဘူးလား။ သိပ်အရေးကြီးတဲ့ ချွမ်းရွေ့ရဲ့ အချစ်ရေးလေ။ အရမ်းစိတ်ပူနေတာလား"
"ငါ့ညီရဲ့ ကိစ္စကို ငါက စိတ်မပူပဲနေမလား။ ပြီးတော့ ရွေ့ရွေ့က တခြားသူတွေလို သန်မာနေတာလည်းမဟုတ်ဘူး"
ဟန်ဘင်းစကားကြောင့် ဟာအိုက လှောင်တဲ့သဘောမျိုးနဲ့ ဟန်ဆောင်ရယ်မောပစ်လိုက်တယ်။
ချွမ်းရွေ့ကို သူအခုလိုမျိုး ထိခိုက်အောင် မပြောချင်ဘူး။ဒါပေမယ့် သူဆောင်းဟန်ဘင်း ကိုလည်း အရှုံးမခံနိုင်ဘူး။ အရင်ထဲက သူအမြဲအနိုင်ယူခဲ့တဲ့ ဆောင်းဟန်ဘင်းကို ဘယ်အချိန်၊ဘယ်နေရာမှာပဲဖြစ်ဖြစ် အနိုင်ယူနေရမှကို ကျေနပ်မှာ။"ညီတဲ့လား ? မင်းက သူ့ကိုညီတစ်ယောက် လို သဘောထားတာရော ဟုတ်ရဲ့လား။ မင်းနဲ့လက်ထပ်ထားတဲ့ငါ့ထက်တောင် ပိုပြီးဦးစားပေးဂရုစိုက်ခဲ့တာလေ"
YOU ARE READING
Formed By Tear
Fanfictionမုန်းလိုက်တာ မောင်ရယ်။ ငါ့ကိုမချစ်တဲ့မောင့်ကို သိပ်မုန်းတာပဲ။ Sung Han Bin & Zhang Hao Side Couple [ Minamz ]