"ကိုယ့်လက်က လွတ်မယ်ထင်ရင် ပြေးကြည့်လေ Baby"
နားထဲမှာ အကြိမ်ကြိမ်ကြားယောင်နေတဲ့စကားတွေကြောင့် ချွမ်းရွေ့ဟာ သူ့နားသူပိတ်ပစ်ရင်း အော်ဟစ်ပစ်လိုက်တယ်။
ဘာလို့ ချွမ်းရွေ့က အခုလိုမျိုး ခံစားနေရတာလဲ။ချွမ်းရွေ့က စောနက ကြားလိုက်ရတဲ့ စကားတွေကြောင့် ကင်ဂျီအွန်းကို သူ့စိတ်ရှိတဲ့အတိုင်း အော်ဟစ်ပစ်ခဲ့တယ်။ မခွဲနိုင်ပေမယ့်လည်း အဆုံးသတ်ကိုရောက်နေပြီမို့ သူ့ခံစားချက်တွေကို သူကိုယ်တိုင်သတ်ပစ်ပြီး လမ်းခွဲစကားကို စပြောခဲ့တယ်။
ဒါပေမယ့် ကင်ဂျီအွန်းဟာ ချွမ်းရွေ့ကို ဆွဲထားဖို့မပြောနဲ့ ၊ တင်စီးလွန်းတဲ့ စကားလုံးတွေနဲ့ ခနဲ့ခဲ့သေးတာ။ချွမ်းရွေ့က ကင်ဂျီအွန်းကို သိပ်ချစ်တယ်။သူ့သိက္ခာတွေ၊ မာနတွေအကုန်လုံး ရစရာမရှိတော့တဲ့အထိ ကင်ဂျီအွန်းရဲ့ခြေဖဝါးအောက်မှာ ချခင်းပေးခဲ့တာ အချစ်ဦးဆိုတဲ့ ဖြစ်တည်မှုတစ်ခုကြောင့်ပဲ။
ကင်ဂျီအွန်းက သူ့အပေါ်ဒဏ်ရာတွေပေးနေမှန်းလည်း သိတယ်။ ချွမ်းရွေ့ထိခိုက်နာကျင်ရမှ ကင်ဂျီအွန်းကျေနပ်တယ်ဆိုတာ သိနေရက်နဲ့ ဖြုတ်ချချင်နေတဲ့လက်တစ်စုံကို ချွမ်းရွေ့က မပြတ်သွားအောင် ဆွဲထားခဲ့တာ။
ဒါပေမယ့် ကင်ဂျီအွန်းဟာ ချွမ်းရွေ့ရဲ့ အချစ်တွေနဲ့ မတန်ဘူး။ သူ့ကိုကြိုက်သလောက်နာကျင်အောင်လုပ်ရင်တောင် ခွင့်လွှတ်နိုင်ပေမယ့် ကိုကို့ကို ထိခိုက်လာမှာကိုတော့ ခွင့်မပြုနိုင်ဘူး။ ကိုကိုက ချွမ်းရွေ့အားကိုးရတဲ့ ဘဝလိုဖြစ်တည်မှုမျိုးမို့ ကိုကိုသာ နာကျင်ရရင် ခံစားရမယ့်သူဟာ ချွမ်းရွေ့ပဲ။
ဘာလို့ ကင်ဂျီအွန်းက သူ့အပေါ် ဒီလောက်အထိ ရက်စက်ရတာလဲ။ သူဘာအမှားတွေလုပ်မိလို့ အခုလောက်ထိ သူ့ကိုလုပ်ရက်ရတာလဲ။ ပြန်မချစ်နိုင်ရင်တောင် အခုလိုဒဏ်ရာ တွေပေးလာဖို့အထိ ချွမ်းရွေ့ဟာ ကင်ဂျီအွန်းအတွက် မုန်းဖို့ကောင်းနေခဲ့တာလား။
ကင်ဂျီအွန်းကို စတွေ့ချိန်ထဲက ချွမ်းရွေ့ လိုချင်ခဲ့တာ ရိုးရှင်းတဲ့ ချစ်ခြင်းမေတ္တာလေးတစ်ခုပါပဲ။ အချစ်ပြန်ရဖို့အတွက် ဘာလို့အခုလောက်ထိ ခက်ခဲနေရတာလဲ။
YOU ARE READING
Formed By Tear
Fanfictionမုန်းလိုက်တာ မောင်ရယ်။ ငါ့ကိုမချစ်တဲ့မောင့်ကို သိပ်မုန်းတာပဲ။ Sung Han Bin & Zhang Hao Side Couple [ Minamz ]