Part [ 5 ]

840 113 24
                                    

"ကျိုးဝေ ၊ ငါ ဝင်လာလို့ရမလား"

အချင်းချင်း ဘယ်လောက်ပဲရင်းနှီးပါစေ၊ ကျိုးဝေက အခုတာဝန်ချိန်ဖြစ်နေတာမို့ ဟန်ဘင်းက ခွင့်တောင်းလိုက်တယ်။

"ဪ - ဟန်ဘင်း လာလေ၊ ငါလည်း စာထဲအာရုံရောက်နေတာနဲ့ သတိမထားမိဘူးဖြစ်သွားတယ်။"

သူလည်း ကျိုးဝေ ရုံခန်းထဲကဆိုဖာ‌မှာ ဝင်ထိုင်လိုက်ပြီး ရုံးခန်းထဲကို မျက်လုံးကစားလိုက်တော့ စားပွဲပေါ်မှာ တက္ကသိုလ်တုံးက သူတို့သူငယ်ချင်းတွေစုရိုက်ထားတဲ့ပုံထောင်ထားတာကို တွေ့လိုက်ရတယ်။ ထုံးစံအတိုင်း ဟာအိုဘေးမှာတော့ ဟန်ဘင်းက အမြဲရှိနေခဲ့တာပေါ့။

"မင်းက အဆက်အစပ်မရှိ ကျောင်းကို ဘာလာလုပ်တာလဲ"

"ရွေ့ရွေ့ကို လာကြိုတာလေ။ မင်းနဲ့လည်း မတွေ့တာကြာပြီဆိုတော့ စကားပြောလို့ရအောင် တမင်စောစောလေးလာလိုက်တာ"

"ငါ့ကိုပြောချင်တာ ရှိလို့လား"

"ဒီရက်ပိုင်း ရွေ့ရွေ့ ကို ကြည့်ရတာ တစ်မျိုးဖြစ်နေသလိုပဲ။ အရင်ကနဲ့မတူပဲ ပုံမှန်မဟုတ်ဘူး။ မင်းရော သူ့ကို သတိထားမိသေးလား "

မှတ်မှတ်ရရ car showroom က ပြန်လာပြီးထဲက မူပျက်နေတဲ့ ချွမ်းရွေ့ကြောင့် ဟန်ဘင်းမှာ "နေများမကောင်းတာလား၊ ဘာများဖြစ်‌တာလဲ" ဆိုပြီး အတွေးများနေရတယ်။

"မင်းစိတ်ထင်လို့နေမှာပေါ့။ သူ့ဆေးစစ်ချက်တွေကလည်းအကုန်ကောင်းတာကို ၊ အရမ်းစိတ်မပူပါနဲ့။
ပြီးတော့ ကျောင်းသားဟောင်းတွေ့ဆုံပွဲတွေလည်းမလာဘူး။ အလုပ်ကို တော်ရုံပဲလုပ်ပါကွာ။‌ တော်ကြာအလုပ်နဲ့ ညားနေဦးမယ်"

"ငါကရာထူးအကြီးပိုင်းကဆိုတော့ အလုပ်ထဲမှာ အမှားအယွင်းမရှိအောင် သေချာစီစစ်ရတာပေါ့။ ပြီးတော့ အလုပ်မှာဆိုတော့ တခြားကိစ္စတွေဆီ အာရုံမရောက်တော့ဘူးလေ"

"တခြားကိစ္စဆိုတာ ဘာလဲ။ ကျန်းဟာအို လား"

"မင်းကလည်း မဟုတ်ပါဘူး "

ဟန်ဘင်းက အသည်းအသန်ငြင်းနေပေမယ် တရားခံစစ်နေသလို မျက်ဝန်းတွေကြောင့် မတတ်သာပဲ ခေါင်းညိတ်လိုက်ရ‌သည်။ ကျန်းဟာအို နဲ့ ပတ်သတ်ရင် ဟန်ဘင်းက လုံးဝကို ဟန်မဆောင်နိုင်တာ အားနည်းချက်တစ်ခုလို။

Formed By Tear Where stories live. Discover now