Unicode...........
"မေမေသားအလုပ်သွားတော့မယ်"
ထယ်ယောင်းမေမေကိုပြောပြီးတာနဲ့ အမြန်ပင်အပြင်သို့ထွက်လာလိုက်တော့သည်။
"ဟဲ့သား"
"ဒါဆိုကျွန်တော်ကိုခွင့်ပြုပါအုန်းအန်တီ"
"အေးကွယ် လမ်းမှာဂရုစိုက်သွားအုန်းနော်"
"ဟုတ်ကဲ့ပါအန်တီ"
ဂျောင်ကုအန်တီကိုခေါင်းငြိမ့်၍ စားပွဲထပ်တင်ထားသည့် ကားသော့ကိုယူကာပင်Babyနောက်အမြန်လိုက်ရတော့သည်။
"ယောင်းခဏနေအုန်းလေ"
အိမ်ထဲကမထွက်သေးသည့်Babyကို သူ့နူတ်ဖျားမှခေါ်လိုက်သည်မှာယောင်းဟု၍ပင်ဖြစ်သည် Babyအိမ်မှာ အန်တီရှေ့မှာ Babyလို့ခေါ်လို့မဖြစ်ဘူးမလား။
ထယ်ယောင်းလူရမ်းကားခေါ်နေသည်ကိုကြားပေမယ့် မကြားချင်ယောင်ဆောင်ကာဆက်လျှောက်နေလိုက်တော့ သူ့လက်တစ်ဖက်ကိုဆွဲကိုင်လာသည့်လက်တစ်ဖက်။
"မင်း!ဘာလုပ်တာလဲ ငါလက်ကိုလွှတ်......."
"..............."
"လူရမ်းကားကောင်ငါ့လက်ကိုလွှတ်လို့ပြောနေတယ်လေ"
"ကားပေါ်တက်"
"မင်းကားနဲ့လိုက်မယ်လို့မပြောဖူးဘူး ငါ့လက်ကိုအခုလွှတ်"
"ဖြေးဖြေးပေါ့ အန်တီလှမ်းကြည့်နေတယ်နော်"
လူရမ်းကားကောင်စကားကြောင့် ထယ်ယောင်းအိမ်ဝကိုကြည့်မိတော့ မေမေကသူတို့နှစ်ယောက်ကိုကြည့်နေသည်မို့ ထယ်ယောင်းမေမေကိုမတက်သာစွာပြုံးပြလိုက်ပြီး ပြုံး၍အံကြိတ်ကာပင်။
"မင်းဘယ်လိုဖြစ်နေဝာာလဲ ငါ့လက်ကိုလွှတ်"
"မလွှတ်ပေးချင်ပါဘူး"
ဂျောင်ကုပြုံးစစနဲ့မျက်ဆာပြစ်ပြကာပြောဝောာ့မှ ထယ်ယောင်းတစ်ယောက်အသည်းယားရတော့သည်၊ လူချဉ်အောင်လုပ်တတ်သည်မှာဘယ်သူ့မှလိုက်မမှီတဲ့ လူရမ်းကားကောင်။
"မင်း!!"
"မင်းတွေငါတွေအသာထားပါအုန်း ဘယ်မလဲကျွန်တော်တွက်အဖြေ"
YOU ARE READING
𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}
Fanfictionမင်း!မရမ်းကားနဲ့နော် ဘယ်လိုဖြစ်နေတာလဲ ဂျွန်ဂျောင်ကု! Warning!!!!