Unicode.....
"အွန်း မင်းကိုချစ်တယ် လူရမ်းကားကောင်~~~"
ပုခုံးပေါ်သို့ဆုတ်ကိုင်ထားသည့်လက်တွေဖြင့်ထယ်ယောင်း၏ကျောပြင်သားလေးမှအနည်းငယ်ဆွဲကပ်လာတာကြောင့် ထယ်ယောင်းရဲ့ကိုယ်လေးဟာလူရမ်းကား၏ရင်ခွင်ထဲသို့သာ စိုက်စိုက်မြိုက်မြိုက်ဝင်ရောက်လို့သွားပြန်သည် သူ့ပုခုံးပေါ်မှဖက်ထားသည့်လက်တို့ဟာလဲတင်းကြပ်မူနှင့်အတူ ထိုလူရမ်းကားကျောပြင်ထပ်သို့သူ့လက်တစ်စုံဖြင့်ပြန်၍ဖက်တွယ်မိပြန်သည်။
"ကိုယ်Babyကိုချစ်တယ်"
"အွန်း~ယုံတယ်"
"ကိုယ့်ကိုချစ်တယ်လို့ပြန်မပြောတော့ဘူးလား"
သူ့နားနားသို့ဦးခေါင်းလှည့်၍ပြောသည့် ထိုခပ်တိုးတိုးစကားတို့ဟာ ထယ်ယောင်းကိုကြက်သီးပင်ထစေ၏။
"ဟင့်အင်း ခဏခဏမပြောချင်ဘူး"
"ဘာလဲကိုယ့်ကိုအပျော်ကြံဖို့ ကြံစည်နေတာလား"
ရယ်သံတို့စွတ်နေသည့်အသံတို့ဖြင့် စလာတာကြောင့် ထယ်ယောင်းစနေမှန်းသိပေမယ့် လူရမ်းကားရဲ့ခါးစနားကိုလက်ဖြင့်ဆွဲလိမ်လိုက်မိကာ။
"မင်းနော် ဘာကိုအပျော်ကြံရမှာလဲ မင်းသာအပျော်ကြံဖို့စိတ်မကူးနဲ့ မဟုတ်လို့ကတော့မြေလှန်ရှာပြီးလိုက်သတ်မှာ"
"ဟော~Babyကကိုယ့်ကိုလုပ်ရက်လို့လား"
"ဘာလဲမင်းကအပျော်ကြံဖို့စိတ်ကူးရှိနေတာလား"
ထယ်ယောင်း လူရမ်းကားခါးကိုအနည်းငယ်တွန်း၍နူတ်ခမ်းဆူမိကာ ဆိုမိတော့။
"တစ်သက်လုံးသစ္စာရှိရှိချစ်သွားဖို့ပဲကြံစည်နေတာပါ"
"မင်းနော်ပြောထားမယ် ရုတ်ရုတ် ရုတ်ရုတ်လုပ်ဖို့မစဉ်းစားနဲ့"
မျက်မှောင်အနည်းငယ်ကျုံ့၍ သူ့အားလက်ညိုးတစ်ချောင်းဖြင့် သတိပေးနေသည့် Babyက လူကြီးလေးတစ်ယောက်ပုံစံဖမ်းကာချစ်စရာကောင်းလွန်းသည်။
ဂျောင်ကုအရှေ့ကကြွေရုပ်လေးပမာအပြစ်အနာဆာကင်း၍ချစ်ဖို့ကောင်းသည့် Babyရဲ့မျက်ခုံးနှစ်ဖက်ပေါ်လက်နှစ်ဖက်ဖြင့်ပြေပြန့်အောင်ဖြန့်ပေးမိရင်း၊ သူ့ခါးစနားကBabyလက်တစ်ဖက်နဲ့ သူ့ရင်ဘက်နားကလက်တစ်ဖက်ကိုယူ၍ဂျောင်ကုဆုတ်ကိုင်လိုက်မိကာ။
YOU ARE READING
𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}
Fanfictionမင်း!မရမ်းကားနဲ့နော် ဘယ်လိုဖြစ်နေတာလဲ ဂျွန်ဂျောင်ကု! Warning!!!!