Unicode.....
"အင်းးးး"
ခန္ဓာကိုယ်တစ်ဖက်ခြမ်းအား အားပြု၍အိပ်ဆက်ခြင်းကြောင့် လက်မောင်းတစ်ဖက်ဟာလဲနာကျင်လို့လာတာမို့ ထယ်ယောင်းညည်းသံရှည်တို့ကိုပြုကာ ဖြေးညှင်းစွာခန္ဓာကိုယ်ကိုလှည့်ရန်ပြုလိုက်သော်ငြား သူ့ခါးပေါ်ကလက်တို့ဟာ ခန္ဓာကိုယ်အလိုက်ထိန်းပေးလို့လာသည်၊ ထိုလက်ပိုင်ရှင်၏မျက်ဝန်းတို့ဟာတော့ပွင့်မလာ....
ခပ်ဖြေးဖြေးလှုပ်ရှားမိတာတောင် အောက်ပိုင်းမပြောအက်သည့်နေရာမှ ဆစ်ခနဲနာကျင်မူကြောင့် ထယ်ယောင်းမျက်နှာတို့ပင်ရူံ့တွသွားမိသည်၊ ထိုအရာ၏အဓိကတရားခံကတော့အေးဆေးစွာအိပ်ဆက်လို့နေတာကြောင့် ထယ်ယောင်းမကျေနပ်သည့်စိတ်ကလေးက စေခိုင်းတော့သည်။
"ဟေ့ ထတော့"
ခပ်ဖွေးဖွေးမျက်နှာပြင်ကြီးကိုမော့ကြည့်မိရင်း ထိုမျက်နှာပြင်၏ပါးပြင်လေးတစ်ဖက်ကို ထယ်ယောင်းလက်ဖြင့်ခပ်ဖွဖွပုတ်ကာနိူးမိတော့ ထိုလက်ကိုဆွဲယူသွားကာ သူ့လက်ခုံအားနူတ်ခမ်းတို့ဖြင့်ထိကပ်လိုက်ပြီး။
"ခဏလေးပဲ..ခဏလေး မောင်အိပ်ရေးမဝသေးဘူး"
မျက်လုံးအစုံအားမဖွင့်သေးပဲ သူ့လက်ကိုပါ ပါးပြင်နဲ့ထိတွေ့စေရင်း ပြန်အိပ်ဖို့ပြင်နေတဲ့လူရမ်းကား၊ သူ့ကိုသူလဲမောင့်ဟုသုံးနူန်းလိုက်သည့်နာမ်စားလေးကြောင့် ထယ်ယောင်းပြုံးလိုက်မိ၏၊ ထိုနာမ်စားလေးကိုလဲ သူညကခေါ်ခဲ့မိသည်ကိုအမှတ်ရလာတာမို့ ရှက်စိတ်တို့ဟာလဲဖုံးလွှမ်းလာတော့သည်။ တစ်ဆက်တည်းမှာပဲ စောင်အောက်ကသူ့ခန္ဓာကိုယ်အားငုံ့ကြည့်မိလိုက်တော့မှ ထယ်ယောင်းသက်ပြင်းချနိုင်တော့သည်။
ညကသူပဲဝတ်ပေးခဲ့တာပေါ့ ဒါဆိုသူ့ကိုလဲရှင်းလင်းပေးခဲ့တာပေါ့....၊ ထယ်ယောင်းထိုလူရမ်းကားကိုမော့ကြည့်မိရင်း မျက်နှာရှင်းရှင်းလေးငေးစိုက်၍ကြည့်နေမိတော့သည်။
"မောင့်ကိုစိုက်ကြည့်မနေနဲ့ မောင်ချောတာသိတယ်"
စကားဆုံးတာနဲ့ ပိတ်ထားသည့်မျက်ဝန်းတစ်စုံဟာ ပွင့်လို့လာပြီး သူ့ကိုငုံ့ကြည့်လာတာမို့ ထယ်ယောင်းမျက်တောင်တို့ဟာလဲတစ်ဖြတ်ဖြတ်ခတ်လို့နေတော့၏။

YOU ARE READING
𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}
Fanfictionမင်း!မရမ်းကားနဲ့နော် ဘယ်လိုဖြစ်နေတာလဲ ဂျွန်ဂျောင်ကု! Warning!!!!