Unicode.......
"မောင်နေလို့အဆင်မပြေရင် အလုပ်ကိုဖုန်းလှမ်းဆက်လိုက်လေ"
လက်ဖျံသို့အုပ်နေသည့်လက်ရှည်အင်္ကျီအားသေချာခေါက်ပေးနေရင်းဆိုလာသည့်Babyကိုဂျောင်ကုခပ်ရေးရေးပြုံးပြ၍သာ။
"မောင်နေလို့အဆင်ပြေပါတယ် ဒီနေ့ကမြို့ပြင်မှာအရေးကြီးမြေကွက်သွားကြည့်စရာလေးရှိလို့ မောင်မသွားကြည့်လို့မဖြစ်ဘူး"
သူဘယ်လိုပြောပြော ပြောမရမည့်မောင်ကြောင့် အင်္ကျီကော်လံအောက် နက်ကတိုင်ကိုသေချာတပ်ပေးလိုက်ပြီး မောင့်ကိုခဏစောင့်ခိုင်းရသည်၊ ထယ်ယောင်းအံဆွဲထဲကဆေးဗူးကိုယူ၍ ဖုန်းကိုပါတစ်ခါတည်းယူရင်း မောင့်ရှိရာဆီသို့လျှောက်သွားကာမောင့်လက်မောင်းကိုတွဲလိုက်တော့၏။
"သွားမယ်"
လက်မောင်းကိုတွဲရင်းပြောလိုက်ပေမယ့် မောင်ကတော့သူ့ကိုမျက်နှာဘေးတစ်စောင်းကြည့်လို့နေတာမို့ ထယ်ယောင်းမောင့်ကိုမော့၍ကြည့်မိတော့ဆိုလာပြန်သည်။
"ဒီနေ့တော့မလိုက်တော့နဲ့လေ မောင်မြေကွက်ကြည့်လို့စာချုပ်ချုပ်ပြီးတာနဲ့ချက်ခြင်းပြန်လာမှာ လိုက်ရင်Babyပင်ပန်းနေမယ်"
"နေမကောင်းပဲအလုပ်သွားတဲ့မောင့်ကိုငါကအိမ်မှာဘယ်လိုစိတ်မျိုးနဲ့ အေးအေးဆေးဆေးထိုင်စောင့်နိုင်မှာလဲ မသွားပါနဲ့ဆိုတော့လဲမဟုတ်ဘူး"
စကားနားမထောင်လို့ထင် သူ့ကိုမျက်ဝန်းလေးတွေမှေး၍ကျုံ့လို့ကြည့်နေသည်မှာ မကျေနပ်သည့်အလား။ မျက်မှောင်ကျုံ့နေသည်ဟုမမည်သည့် Babyကိုသဘောကျစွာကြည့်မိရင်း ထိုအမျိုးသားလေး၏ပါးပြင်လေးကို လက်တစ်ဖက်ဖြင့်အုပ်ကိုင်လိုက်တော့လဲ ရန်မပြုပဲငြိမ်နေပေး၏၊ မျက်ခုံးတန်းနှစ်ခုအားကျုံ့လို့ထားသည့်နေရာလေးအား ဂျောင်ကုနူတ်ခမ်းသားတစ်စုံခြေချမိသည်။ နူတ်ခမ်းတစ်စုံဖိကပ်လို့ပြီးတာနဲ့ သူ့လက်မောင်းအားတွယ်ချိတ်တွယ်ထားသည့် လက်လေးကိုယူ၍သူ့လက်တို့ဖြင့်ရှင်ယှက်ဆုတ်ကိုင်လိုက်ရင်း။
"Babyအနားမှာရှိပေးလို့ မောင်နေလို့ကောင်းသွားပြီ"
ထိုအခါတွင်တော့ သူ့လက်ကိုဆုတ်ကိုင်ထားသည့်အမျိုးသား၏နူတ်ခမ်းဟာမဲ့လို့သွားပြီး။
YOU ARE READING
𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}
Fanfictionမင်း!မရမ်းကားနဲ့နော် ဘယ်လိုဖြစ်နေတာလဲ ဂျွန်ဂျောင်ကု! Warning!!!!