Unicode.....
"သူဌေးရဲ့သားလာမယ်ဆိုတာ ဘာလို့ငါ့ကိုကြိုမပြောတာလဲ"
"ဝမ်လဲသူဌေးရဲ့သားလာမယ်ဆိုတာမသိဘူးဒုဥက္ကာဌ ပြီးတော့လချုပ်စာရင်းတွေတောင်းနေလို့..."
"ဘာ!!! မင်းပေးလိုက်လား"
"သူဌေးရဲ့သားကအခုချက်ခြင်းလိုချင်တယ်လို့ပြောတာနဲ့ ဝမ်လဲဒုဥက္ကာဌကိုဖုန်းဆက်ပါသေးတယ် ဖုန်းကဘယ်လိုမှဆက်မရဖူးဖြစ်နေတာနဲ့ စာရင်းဖိုင်ကလဲယူခိုင်းနေတာကြာနေပြီမို့ဝမ်လဲပေးလိုက်ရတယ်"
"မင်းကနည်းနည်းလေးမှမျက်နှာမလွဲရဘူးပဲ အခုငါ Companyကိုလာခဲ့မယ်"
"ဟုတ်ကဲ့ဒုဥက္ကာဌ"
ပြောနေသည့်ဖုန်းလိုင်းဟာချက်ခြင်းဆိုသလိုကျသွားတာကြောင့် ဝမ်ဂျီတစ်ယောက်ဖုန်းကိုရင်ဘတ်ထပ်သို့ကပ်ထားမိရင်း။
"ဘယ်လိုလုပ်ရမလဲ....."
သူမနှလုံးခုန်သံတို့ဟာမြန်ဆန်လို့လာသလို လက်ဖျားခြေဖျားတို့ပင်အေးဆက်လို့လာတော့သည်။
.
.
.
"သူဌေးကော်ဖီ"
ကော်ဖီနှစ်ခွက်သယ်ကာဝင်လာသည့်အမျိုးသားက ခုနကအဝင်မှာတွေ့ခဲ့သည့်အမျိုးသားသာဖြစ်သည်။
"ကော်ဖီတစ်ခွက်ကတော့ပြန်ယူသွားလိုက်ပါ ယောင်းကကော်ဖီမသောက်တော့ အပြင်ကစတော်ဘယ်ရီဖျော်ရည်ဝယ်ပေးပါအုန်း"
"ဟုတ်ကဲ့ပါသူဌေး"
ကော်ဖီခွက်တစ်ခွက်ကိုပြန်ယူသွားသည့်အရှေ့ကအမျိုးသားကိုထယ်ယောင်းမျက်စိတစ်ဆုံးလိုက်ကြည့်မိပြီး ထိုအမျိုးသားအခန်းပြင်သို့ရောက်မှသာ။
YOU ARE READING
𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}
Fanfictionမင်း!မရမ်းကားနဲ့နော် ဘယ်လိုဖြစ်နေတာလဲ ဂျွန်ဂျောင်ကု! Warning!!!!