𝐒𝐄𝐕𝐄𝐍 12

4.2K 268 6
                                    

Unicode........

"ဘာလဲ....."

အရှေ့ကထွက်သွားသည့်Babyနောက်ဂျောင်ကုအမြန်လိုက်ကာပင် ယမ်းနေသည့်လက်လေးတစ်ဖက်ကိုလှမ်းဆွဲလိုက်သည်နှင့်ထွက်လာသည့်အသံစွာစွာလေး။

"လူတွေများတယ် ခဗျားလေးပျောက်သွားလိမ့်မယ်"

"ပျောက်လဲပြန်တတ်တယ်ကလေးလေးမဟုတ်ဘူး လက်ကိုလွှတ်"

"ကလေးလေးမဟုတ်ဘူးဆိုတာ ကိုယ့်ကိုသက်သေပြလေ"

သူ့အောက်ပိုင်းအား မျက်စာပစ်ပြကာပြောလာသည့်အရူးကောင်အား ထယ်ယောင်းစိတ်မထိန်းနိုင်စွာ။

"မင်း!နှာဘူးကောင်!"

လက်ထဲကအတင်းရုန်းထွက်နေတဲ့ လက်လေးကို ခပ်တင်းတင်းစုတ်ကိုင်ကာBabyပြောသည်ကို မကြားချင်ယောင်ဆောင်၍ အရှေ့ကမှဦးဆောင်ကာခေါ်ဆောင်လာလိုက်တော့သည်၊ Babyတွက်ခုလိုပွဲမျိုးက တစ်ရင်းတစ်နှီးဖြစ်နေရင်တောင် သူ့အတွက်ကတော့ ဒါဟာပထမဆုံးညဈေးကိုရောက်ဖူးတာဖြစ်သည်။

ဂျောင်ကုအရှေ့မှမြင်ကွင်းအား အာရုံရောက်နေတာမို့ သူ့ဘေးကBabyကိုလှည့်ကြည့်မိတော့လဲ သူ့နှင့်ထိုနည်းတူစွာ စိတ်ဝင်တစ်စားလိုက်ကြည့်နေသည့်မျက်ဝန်းတို့ကြောင့် ဂျောင်ကုလှစ်ခနဲ့ပြုံးလိုက်မိ‌‌သည်၊ညဈေးပွဲကိုစိတ်ဝင်တစ်စားလိုက်ကြည့်နေသည့်
Babyက မားမားBoyလေးဖြစ်ခဲ့ပုံရသည်။

"ယောင်း"

"ဘာလဲ!"

"ဟော ခေါ်ယုံလေးခေါ်တာကို ကိုယ့်ကိုဆိုလေသံကိုကမာနေရောပဲ"

"မင်းကအချိုးပြေအောင်မှမနေတာ"

"အချိုးပြေအောင်ဘယ်လိုနေရမှာလဲ"

"သင်ပြလဲတတ်မယ့်သူမှမဟုတ်တာ"

သူ့အားခပ်တိုးတိုးနူတ်ခမ်းတစ်ဆူဆူဖြင့်ပြောနေသည့် ‌Babyကသူ့မျက်လုံးထဲ ချစ်ဖို့ကောင်းလွန်းသည် သူ့မျက်ဝန်းထဲမှာတော့Babyက အစားစားလဲချစ်ဖို့ကောင်းသလို ကျိမ်ဆဲနေတဲ့အချိန်လဲချစ်ဖို့ကောင်းတယ်
သူ့ကိုစိတ်တိုနေတဲ့ အချိန်တွေလဲချစ်ဖို့ကောင်းသလို မျက်မှောင်ကျုံ့ထားပြန်၍လဲချစ်ဖို့ကောင်းပြန်သေးသည်၊ ဘာလုပ်လုပ်ကိုချစ်ဖို့ကောင်းနေတာတော့ခဗျားလေး
လွန်လွန်းတယ်မလားBaby။

𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}Where stories live. Discover now