Unicode.......
"မပြန်လို့မရဘူးလားဟင်"
ရင်ခွင်ထဲကဖက်ထားရင်းသူ့ကိုမော့ကြည့်ကာဆိုလာသည့် မျက်နှာလေးကိုဂျောင်ကုငုံ့ကြည့်မိတော့ သူ့ခါးကိုဖက်ထားသည့်လက်တို့ဟာပို၍တင်းကြပ်သွားသလို မော့ကြည့်နေသည့်မျက်နှာလေးဟာလဲ ငုံ့လို့သွားပြီးသူ့ရင်ဘတ်တွင်သာကပ်လို့ထားတာကြောင့် ဂျောင်ကုသဘောကျစွာပြုံးလိုက်မိရင်း Babyပုခုံးလေးပေါ် သူ့ဦးခေါင်းအနည်းငယ်ငုံ့ကာခန္ဓာကိုယ်လေးကို ပြန်၍တင်းကြပ်နေအောင်ဖက်ထားမိတော့သည်။
"ကိုယ့်ကိုမပြန်စေချင်ဘူးလား"
".........."
သူ့ရင်ခွင်ထဲမှ ဦးခေါင်းလေးဟာခပ်ဖြေးဖြေးညှိမ့်ပြနေတာကြောင့် ဂျောင်ကုသဘောကျမိကာ Baby ဦးခေါင်းနောက်သို့သူ့လက်တစ်ဖက်ဖြင့်ခပ်ဖွဖွကိုင်ထားမိ၍။
"အဲ့ဒါဆိုBabyကကိုယ့်ကိုအခွင့်ရေးပေးမှာလား~မဟုတ်ဘူးBabyကကိုယ့်ကိုပြန်ချစ်နိုင်မှာလား"
ထိုအခါမှ သူ့ရင်ခွင်ထဲကထွက်ဖို့လုပ်နေတဲ့Babyခန္ဓာကိုယ်လေးကို ဂျောင်ကုပြန်ဆွဲဖက်ထားရင်း။
"ခဏ ခဏလောက်ပဲအခုလိုနေပေးလို့ရမလား"
ထယ်ယောင်းသူ့ကိုတင်းကြပ်နေအောင်ဖက်ထားသည့် လူရမ်းကားကျောပြင်လေးကိုခပ်ဖွဖွပြန်ဖက်မိကာ အနည်းငယ်ငုံ့ထားသည့်သူ့ပုခုံးပေါ်သို့ ခေါင်းမော့ကာပင်မေးလေးတင်ထားမိကာ။
"ပြောစရာရှိတယ် လွှတ်ပေးအုန်း"
ပြောလိုက်ကာမှ လွှတ်ပေးလာသည့် လူရမ်းကားကို ထယ်ယောင်းငေးကြည့်နေမိရင်း အနောက်သို့ခြေလှမ်းနှစ်လှမ်းဆုတ်လိုက်မိကာ သူ့လက်နှစ်ဖက်ကိုပိုက်ထားမိ၍။
"အဖြေလိုချင်လား"
သူ့အပြောကြောင့် သူ့အားပြုံးစိပြုံးစိဖြင့်ကြည့်နေသည့် လူရမ်းကားကခေါင်းညှိမ်ပြလာတာကြောင့် ထယ်ယောင်းမျက်မှောင်ကျုံ့၍သာကြည့်လိုက်မိတော့သည်။
အဖြေသာလိုချင်တာ ပါးစပ်ကအခုမှ အ သွားသည့်လူတစ်ယောက်လို၊
"မလိုချင်ဘူးနဲ့တူတယ် အိမ်ထဲဝင်တော့မယ် မင်းပြန်တော့"
သူ့ကိုမကြည့်သလိုအကြည့်ဖြင့်ကြည့်၍ အိမ်ထဲဝင်ဖို့သွားနေသည့် Babyကိုဂျောင်ကုလှမ်းဆွဲထားရသေးသည်။
YOU ARE READING
𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}
Fanficမင်း!မရမ်းကားနဲ့နော် ဘယ်လိုဖြစ်နေတာလဲ ဂျွန်ဂျောင်ကု! Warning!!!!