Unicode.......
ဦးခေါင်းငုံ့ကျလာသည်နှင့်အတူ နူတ်ခမ်းသားတို့အားအလျှင်အမြန်နူတ်ပိတ်လာတာကြောင့် သူ့လက်တို့ဟာလဲ ထိုလူရမ်းကားရဲ့ရင်ဘတ်ကိုထုရိုက်နေမိတော့၏။
"အွန့်!"
သူ့နူတ်ခမ်းလွှာတို့ကို အပေါ်တစ်လွှာ အောက်တစ်လွှာ ဦးခေါင်းကိုလှည့်လည်၍စုပ်ယူနမ်းရိူက်နေမူအပေါ် ထယ်ယောင်းအသိစိတ်တို့ဟာ ပျောက်ပျက်သွားပြီး ထိုအနမ်းပေါ်စီးဝင်နေမိတာနှင့်လူရမ်းကားရဲ့အနမ်းတို့ကိုပြန်လည်တုန့်ပြန်မိလို့နေပြန်သည်။
"အွင်း"
အနမ်းတို့ဟာပို၍နက်နဲလာတာနဲ့ မျက်နှာနှစ်ခုတို့ဟာ ပို၍ထိကပ်ထိကပ်လာတာမို့ သူ့ရင်ဘတ်ပေါ်တွင်ရှိသည့် ထယ်ယောင်းလက်လေးတစ်စုံဟာလဲ လူရမ်းကားရင်ဘတ်ရှိ အင်္ကျီစလေးကိုတင်းနေအောင်ဆုတ်ကိုင်လို့ထားမိပြန်၏။
"အွင်း~အွင့်!"
အနမ်းတို့ကြောင့်အသက်ရှူရခက်ခဲလာပေမယ့် သူ့ပါးပြင်ထပ်သို့ထိတွေ့လာသည့်လက်တစ်ဖက်၊ သူ့ရဲ့ဦးခေါင်းလှည့်လည်ရာသို့ ထယ်ယောင်းပါးပြင်သို့ကိုင်ထားသည့်လက်တစ်ဖက်ဟာလဲစောင်းလိုက်စေပြီး ဘေစင်အားထောက်ထားသည့် လက်တစ်ဖက်ဟာလဲ ထယ်ယောင်းရဲ့ကျောပြင်နောက်သို့ပွတ်သတ်လာသည့်နှင့်အမျှ ထယ်ယောင်းရဲ့အနောက်ရပ်ဝန်းသို့လျော့ကျသွားတာနဲ့အတူ
မှိတ်ထားမိသည့်မျက်ဝန်းတစ်စုံဟာလဲ လန့်ဖြန့်ကာပင်ဖွင့်ကြည့်လိုက်မိပြီး ထယ်ယောင်းထိုလူရမ်းကားရင်ဘတ်ကိုအားထည့်၍တွန်းလိုက်မိတာမို့ ရမ်းကားခံနေရသည့်နူတ်ခမ်းတစ်စုံလွှတ်သွားတာနဲ့။"လူရမ်းကားကောင်မင်း!"
"ကိုယ်Babyနဲ့အတူတူနေချင်တယ်"
လူရမ်းကားအပြောကြောင့် ထယ်ယောင်းမျက်နှာကိုရေနွေးပူနဲ့ပတ်ခံလိုက်ရသလို ပူစပ်စပ်ပင်ဖြစ်လာရတော့၏၊ သူ့ကိုစူးစူးစိုက်စိုက်ကြည့်နေသည့် မျက်ဝန်းတစ်စုံတို့ကိုလစ်လုရူ့ကာ။
"ခုမှမိုးလင်းတာ မင်းအတွေးတွေမိုးချုပ်မနေနဲ့ ငါ့ကိုခုလွှတ်!"
"ကိုယ်ကBabyနဲ့ဆို အမြဲတမ်းမိုးချုပ်ယုံတင်မဟုတ်ဘူး မိုးပါမလင်းချင်တာ"
YOU ARE READING
𝚂𝙴𝚅𝙴𝙽 {𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍}
Fanfictionမင်း!မရမ်းကားနဲ့နော် ဘယ်လိုဖြစ်နေတာလဲ ဂျွန်ဂျောင်ကု! Warning!!!!