Part 1 ( U & Z )

2.1K 18 0
                                    

Unicode

မောင့်ကို မောင့်ထက် ပိုချစ်ခဲ့ပါသည်
အပိုင်း(၁)

ဘဝတစ်ခုမှာ အဓိကမကျတာတွေမရှိဘူး
အရေးမကြီးတာတွေ မရှိဘူး
စိတ်ထဲဖြတ်သန်း စီးဆင်းခဲ့တဲ့အရာမှန်သမျှ
ဘဝကို ပွန်းပဲ့ တိုက်စားတတ်မှန်းသိခဲ့ရင်……
မောင်……
မောင့်ကို မောင့်ထက်ပိုချစ်တဲ့ သက်သေလှလှလေးတစ်ခုတော့ပြခဲ့မိမှာ အမှန်ပါ……။

အားလုံးပြီးပြည့်စုံသွားပြီလို့ ကိုယ့်ဘဝကိုယ်
လက်မထောင်နိုင်တဲ့ တစ်နေ့
လှည့်ကြည့်လို့ ဟာတာတာကျန်ရစ်နေတဲ့
ကွက်လပ်အချို့ကို ဖုံးဖိရတာ ပင်ပန်းလွန်းတယ်…မောင်…။

အဲ့ဒီအခါ အတိတ်တွေက ပိတ်ကားထောင်
ကြည့်ရသလို ရယ်လဲရယ်ရ…
ငိုလဲ ငိုရ…နာလဲနာခဲ့ရတာပေါ့……။

တကယ်တော့…
ကဗျာဆရာတစ်ဦးပြောခဲ့ဖူးသလို အတိတ်ဆိုတာပြန်ချက်လို့မရတော့တဲ့ ဟင်းသိုးတွေလေ…။ဘယ်လောက်ပဲအရသာ
ကောင်းအောင် မွမ်းမံနေပါစေ…
အရသာ မတွေ့နိုင်တော့ဘူး…။

ဘယ်လောက်ပဲ ပြည့်စုံအောင် ဖြည့်စွက်နေပါစေ…
အဲ့ဒီနာကျင်ရတဲ့ အတိတ်ဆိုတာတွေက……။

**********************
"ဆံထုံးတော်ကြီး တမာသီးနှင့်
ခါစည်းဝတ်လည်း…ချုပ်စပြဲကို…"

"ခါးစည်းဝတ်လည်း ချုပ်စပြဲကို………"

ဆိုနေသည့်စာက ရှေ့ကိုမတက်။မျက်လုံးရော စိတ်ပါစာမှာမရှိ။ အိမ်ကပြင်တွင် စကားထိုင်စကားပြောနေကြသော မေမေနှင့်
အိမ်ရှင်ဒေါ်အေးနွဲ့ဆီသို့ပဲ စိတ်ကရောက်နေ၏။

"ကျွန်မ ပေးမှာပါ… အစ်မရယ်…
ကတိပျက်တာတော့မဟုတ်ပါဘူး…
တစ်ပတ်လောက်တော့ နေပေးပါအုန်းနော်…နောက်တစ်ပတ်သောကြာ ကျွန်မကိုယ်တိုင် အစ်မအိမ်ကိုလာပေးပါ့မယ်…"

"တော်ပါတော့…ညည်းရဲ့နောက်တစ်ပတ်…
အဲ့ဒါနဲ့ပဲ တစ်လပြည့်ပါရောလား…မရဘူး
ဒီတစ်ခါတော့ သည်းမခံနိုင်တော့ဘူး…
ညည်းကိုသနားလို့ အလကားပဲတင်းလိုလိုနေခိုင်းထားတာ
သူများတွေခေါင်ခိုက်အောင်စျေးတက်နေလဲကျုပ်မတက်ဘူး…ကျုပ်လောက်သည်းခံနိုင်တဲ့လူလဲ ရှာကြည့်လိုက်အုန်း"

မောင့်ကို မောင့်ထက် ပိုချစ်ခဲ့ပါသည် ( Completed )Where stories live. Discover now