Part 2 (U & Z)

512 11 0
                                    

Unicode

မောင့်ကို မောင့်ထက် ပိုချစ်ခဲ့ပါသည်
အပိုင်း(၂)

စာမေးပွဲ နောက်ဆုံးနေ့။
စိတ်ရောလူပါ ပေါ့ပါးလန်းဆန်းလို့နေသည်။
ဒီနေ့ကိုသာ ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့ရင်
ဘဝရဲ့ ချောက်ကမ်းပါးတစ်ခုကို လွှားခနဲနေအောင် ကျော်လွှားနိုင်ခဲ့ပြီဖြစ်သည်။

"မလျှမ်းနဲ့နော်…နှင်းဆီ…မေးခွန်းကို သေချာဖတ် စိတ်လဲမလောနဲ့…ကိုယ်ကျက်ထားတာကို ခေါင်းအေးအေးနဲ့စဉ်းစားပြီးဖြေ"

သမီးငယ်၏ လက်ကို ကိုင်ကာ တတွတ်တွတ် မှာနေမိသည်။တကယ်ဆို သေစာရှင်စာပဲဖတ်တတ်သည့် သူမက စာမေးပွဲအတွေ့အကြုံကို သိလို့မှာကြားနေခြင်းမဟုတ်။ကြားဖူးနားဝ ရှိဖူးသမျှ ပြောပြနေခြင်းပင်။

သမီး စာမေးပွဲဖြေနေ၍ ငုံးဥပင် ရောင်းရန်
မဖြောင့်။မလုပ်၍လည်း မဖြစ်သည့်အခါ ငုံးဥခြင်းမကာ ကျောင်းရှေ့လိုက်ပို့မိသည်။

"ကဲ ကဲ အချိန်နောက်ကျနေမယ်…ဝင်တော့
သေသေချာချာ ဖြေခဲ့…အမေ ဒီမှာပဲစောင့်မယ်"

"စိတ်ချပါအမေရယ် ဒီနှစ်ဆယ်တန်းအောင်ကိုအောင်မှာ…စိတ်ချ …အမေ လက်မသာထောင်ထားလိုက်တော့… "

"အေးပါအေ…ပြောသမျှထဲမှာ ဒီစကားမင်္ဂလာအရှိဆုံးပဲ
ညည်းဆယ်တန်းအောင်လို့ကတော့
တစ်တိုင်းတစ်ပြည်လုံး ငုံးဥလိုက်ကျွေးပစ်မယ်အေ"

"ဟင် အမေကလဲ ငုံးဥကြီးလား"

"ငုံးဥမစားချင် ဖရဲသီးပေါ့အေ…
ကြိုက်တာစား အလကားကျွေးမှာ…ဟာဟား"

သားသမီးနှစ်ယောက် သဘောကျစွာ ရယ်မောလိုက်ကြသည်။

"အမယ်လေး ခင်လေး ညည်းက ဒီမှာ ပျော်နေတယ်ဟုတ်လား…
ဟိုမှာ ညည်းအိမ်ပေါ်က အထုပ်တွေ
အကုန်လုံးလမ်းပေါ်ရောက်ကုန်ပြီ"

"ရှင်…"

အပြေးအလွှားလာကာ သတင်းပေးသော
မစိန်ခင်စကားကြောင့် လက်ထဲမှကိုင်ထားသည့် ငုံးဥဗန်းပင် မြေပေါ်သို့ဘုတ်ခနဲ ပြုတ်ကျသည်။

"အမေ"

ရုတ်တရက်ကြောင်တောင်တောင်ဖြစ်သွားသောသူမကို နှင်းဆီက မျက်ရည်အဝိုင်းသားနှင့် ကြည့်သည်။

မောင့်ကို မောင့်ထက် ပိုချစ်ခဲ့ပါသည် ( Completed )Where stories live. Discover now