Part 8 (U&Z)

407 10 0
                                    

Unicode

မောင့်ကို မောင့်ထက် ပိုချစ်ခဲ့ပါသည်
အပိုင်း(၈)

နန်းတော်သမျှ ခမ်းနားထည်ဝါလွန်းသည့်
ထိုတိုက်ကြီးတွင် ငရဲသမျှပူလောင်နိုင်မည့်
အရာတွေရှိမှန်းကြိုသိခဲ့လျှင်………

ဒါဟာ တိုက်ဆိုင်မှုတစ်ခုဆိုတာထက်
ကံကြမ္မာကပေးတဲ့အပြင်းထန်ဆုံးကြိမ်ချက်
တွေလို့ပြောရင်ပိုမှန်ပေလိမ့်မည်။

သူ့ဘဝတစ်လျှောက်လုံး ရှိုးရာအပြည့်နဲ့ကျောကော့အောင်ရိုက်ခံခဲ့ပြီးပြီ…
အခုထိလည်း အခုထိလည်း ရိုက်ခံနေရအုန်းမှာလား…

ကမူးရှူးထိုးပြေးထွက်လာသည့်လမ်းက အိမ်နဲ့ဘယ်လောက်ဝေးသွားပြီလဲမသိ။
ဘယ်နေရာရောက်မှန်းလဲမသိ။ပြေးရတာ
မောသည့်အခါ လူသူရှင်းတဲ့ တစ်နေရာတွင်ခြေစုံရပ်လိုက်သည်။

ခပ်လှမ်းလှမ်းတွင် ကားဂိတ်တစ်ခုကို မြင်နေရသည်။ဘတ်စ်ကားတွေ ခရီးသည်တွေ
ကွမ်းယာသည် ငုံးဥသည်တွေ……

"ငုံးဥသည်မ…နင်က ငုံးဥသည်မ မဟုတ်ဘူးလား
အကြံပက်စက်လှချည်လား……ငုံးဥသည်မရယ်
နင့်ကို ငါ့မောင်နဲ့ လုံးသဘောမတူနိုင်ဘူး…"

အသံတွေ…လှောင်ရယ်သံတွေ…မဲ့ပြုံးတွေ…
ပုံရိပ်တွေ…။

"အား………"

နားကိုပိတ် မြင်မြင်သမျှစုံမှိတ်ကာစိတ်ထဲရှိသမျှ အော်ချလိုက်သည်။ရင်ထဲမှာ တစ်ဆို့နေသည့် ဝေဒနာက ကိုယ့်ရင်ဘတ် ကိုယ်ထုပြီး ကြိတ်ကာငိုနေသော်လည်း
တော်တော်နှင့်ပြေမသွား။

စိတ်ထဲပြွတ်သိပ်ကျပ်မခံစားနိုင်တော့သည့်အခါ ကလေးတစ်ယောက်လိုလမ်းဘေးတစ်နေရာ တွင် ငုတ်တုတ်ထိုင်ကာစိတ်ရှိလက်ရှိ
ဟီးတိုက်ငိုချလိုက်သည်။

ဘာလို့လဲ……
ဘာလို့ငါ့ကိုအဲ့လောက်မုန်းနေရတာလဲ…
ငါဘာများမှားခဲ့လို့လဲ…
ရက်စက်လိုက်တာ…
ရက်စက်လိုက်တာကံကြမ္မာရယ်
ဘာလို့မောင်က…မောင်က…မောင်ရေ……
မဘယ်လိုလုပ်ရမလဲ…မဘယ်လိုလုပ်ရမလဲ…
ပြောပါအုန်းကွာ……

မြင့်နိုင်သမျှ အမြင့်ဆုံးရောက်အောင်ကြိုးစားတက်ခဲ့လည်း နောက်ဆုံးတော့ တိခနဲဖြတ်ချခံရတာပဲလား။
မဟုတ်ဘူး…အဲ့လိုမဖြစ်ရဘူး။
အဲ့လို အဖြစ်မခံနိုင်ဘူး။
အဲ့ဒါ ငါ့ဘဝ…ငါ့မာန…ငါ့နှလုံးသား…။

မောင့်ကို မောင့်ထက် ပိုချစ်ခဲ့ပါသည် ( Completed )Where stories live. Discover now