Part 10 (U&Z)

486 11 2
                                    

Unicode

မောင့်ကို မောင့်ထက်ပိုချစ်ခဲ့ပါသည်
အပိုင်း(၁၀)

အမေ့ကျန်းမာရေးက တစ်နေ့ထက်တစ်နေ့ပိုဆိုးလာသည်။
တရှောင်ရှောင်နှင့်အိပ်ရာကမထနိုင်
ဆေးခန်းသွားရတဲ့နေ့တွေများလာသည့်အခါ… စာသင်ချိန်တော်တော်များများလျှော့ချထားရသည်။
လူခွဲမရှိသည့်အတွက် ကလေးလဲကိုယ်လူကြီးလည်းကိုယ်နှင့် အမြဲဗျာများနေရသည်။

အမေသောက်ရမည့်ဆေးများဝယ်ပြီး
အိမ်ပြန်လာသည့်လမ်းတွင် မောင့်ကို တွေ့လိုက်ရ၍ ထခုန်မိမတတ် ဝမ်းသာသွားမိသည်။

"မ"

မောင်က တွေ့တာနှင့် ကလေးလေးလိုသူ့ကိုပြေးဖက်သည်။

"လွမ်းလိုက်တာ မရယ်…"

မောင်အသံက တုန်ရီလှိုက်ဖိုလို့နေ၏။
လွန်ခဲ့တဲ့ရက်အနည်းငယ်က မောင့်ကိုမေ့လိုက်တော့မည်ဟု တွေးခဲ့သည့်အတွေးမှန်သမျှ မောင့်အသံကြားတာနဲ့တင် ကြက်ပျောက်ဌက်ပျောက် ပျောက်လို့သွားခဲ့ရသည်။

"မရော…မောင့်ကို မလွမ်းဘူးလား"

မောင်ကသူ့မျက်နှာကိုစေ့စေ့ကြည့်ရင်းမေးသည်။
ဖြူလျော်လျော် ချောင်ကျသွားသည့်
မောင့်မျက်နှာလေးကို သူ့လက်ကလေးနှင့်
တယုတယ ကိုင်ကာ…

"မောင်ပိန်သွားတယ်…ကျန်းမာရေးဂရုမစိုက်ဘူးလား"

"မောင်မေးတာပဲဖြေပါ…
မောင့်ကိုမလွမ်းဘူးလားလို့"

နှင်းဆီ မျက်ရည်တွေဝဲနေရင်းမှ ခေါင်းညိတ်ပြလိုက်သည်။
မောင်ရင်ခွင်ထဲ ခေါင်းလေးဝင်ကာ

"လွမ်းတာပေါ့ မောင်ရယ်…မက တကယ်ဝေးသွားပြီထင်နေတာ…
မောင်…မကိုထားသွားပြီထင်နေတာ"

ပြောရင်း ရင်ထဲလှိုက်တက်လာသည့်ဝမ်းနည်းမှုကို ဘယ်လိုထိန်းမရသည့်အခါ
ရှိုက်ကာ ငိုချလိုက်သည်။
မောင့်ကိုဆုံးရှုံးရပြီဆိုသည့်စိတ်နှင့် ဘယ်လောက်တောင် ဝမ်းနည်းအားငယ်ခဲ့ရလဲ မောင်သိနိုင်မည်မဟုတ်။

"ဘာလို့ထားခဲ့ရမှာလဲ…မောင်က မကို
အရမ်းချစ်တာပဲကို…ဘယ်တော့မှမထားခဲ့ဘူး စိတ်ချ…မငိုနဲ့တော့နော်"

မောင့်ကို မောင့်ထက် ပိုချစ်ခဲ့ပါသည် ( Completed )Where stories live. Discover now