Part 6 (U&Z)

451 6 4
                                    

Unicode

မောင့်ကို မောင့်ထက်ပိုချစ်ခဲ့ပါသည်
အပိုင်း(၆)

"မွေးရာပါ နှလုံးအားနည်းတာလေ…
နိုင်ငံခြားသွားပြီး ဆေးခဏခဏစစ်နေရတာ
အရက်နဲ့လုံးဝမတည့်ဘူး မတည့်လဲသောက်နေတာပဲ…
ဒီကလေးနဲ့တော့ခက်တယ်"

ဒေါ်အေးနွဲ့စကားကြားရတာ စိတ်ထဲမကောင်း။
သူ့ပုံစံကြည့်ရတာတော့  ရောဂါသည်လို့
ထင်ရက်စရာမရှိ။

လူငယ်ပီပီ ပေါ့ပါးသွက်လက်စွာ နေတတ်ပြီး ဂျစ်ကန်ကန်စရိုက်လေးမို့ ဒီလို ရောဂါရှိလိမ့်မည်ဟု မထင်ခဲ့မိတာတော့ အမှန်ပင်။

ဘာပဲပြောပြော မိမိနှင့် မသက်ဆိုင်ဘူးဟု
သိရသည့်အခါ စိတ်ထဲပေါ့ပါးမိသည်။
မသိရင်သူက နှင်းဆီအချစ်ကိုရဖို့ပဲ အသေခံမည့်ပုံ ပြောနေသည် မဟုတ်လား။

နှင်းဆီ ဘယ်နည်းနဲ့ဖြစ်ဖြစ်သူ့ကိုရှောင်ဖို့ ဆုံးဖြတ်ထားသည်။များပြားလှသည့် အလုပ်ကိစ္စတွေထဲ   ကလေးသာသာ အရူးဇာတ်ကို နှင်းဆီအာရုံမစိုက်လိုခဲ့။
ဒီထက်ပိုပြီးအရေးကြီးအာရုံစိုက်စရာကိစ္စတွေ နှင်းဆီမှာအများကြီးရှိလို့နေသည်။

ယခုဆို တက္ကသိုလ်စတက်ကတည်းက
တစိုက်မတ်မတ် ကြိုးစားလာခဲ့လေရာ
နောက်ဆုံးနှစ်တွင် အော့နက်စ်ရပြီး
master တန်းတက်ခွင့်ရခဲ့သည်။

နောက်ဘာတွေထပ်သင်ယူစရာတွေ ရှိအုန်းမလဲ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်နိုင်သမျှ ကြိုးစား တက်လှမ်းပြီးဘွဲ့တွေလည်းရနိုင်သမျှ ယူဖို့ပဲ သူ့ခေါင်းထဲရှိသည်။

ထို့ကြောင့် ဘဝမှာ အရေးမပါသည့်ကိစ္စတော်တော်များများကို ခေါင်းထဲကထုတ်ထားခဲ့သော်လည်း သူကတော့ နှင်းဆီမမေ့အောင်ပဲ သံပတ်ပေးဖို့ ကြိုးစားနေလားမသိ။

သူရိန်ကို စာသင်ပြီးပြန်အထွက်လာ
ခြံထဲတွင် ထိုင်စောင့်နေသော သူ့ကိုတွေ့လိုက်ရသည်။

အရင်ကဆိုလက်လက်ထနေသည့် အဝတ်အစားများနှင့် ရှုပ်ယှက်နေသည့်သူက
ဒီနေ့တော့ မိုးပြာရောင် တီရှပ် လက်ရှည်နှင့်
ဂျင်းဘောင်းဘီကိုပဲရိုးရိုးလေးဝတ်ဆင်ထားသည်။အနည်းငယ်အားနည်းဖျော့တော့နေသည့်မျက်နှာက သူနေသိပ်မကောင်းသေးကြောင်း သိသာနေသည်။

မောင့်ကို မောင့်ထက် ပိုချစ်ခဲ့ပါသည် ( Completed )Where stories live. Discover now