Part 9 (U&Z)

452 9 2
                                    

Unicode

မောင့်ကိုမောင့်ထက် ပိုချစ်ခဲ့ပါသည်
အပိုင်း(၉)

မ နောက်သို့ပဲ ပြေးလိုက်ချင်ခဲ့လည်း အစ်မဖြစ်သူကဒေါသတွေနဲ့ မူးမလို မေ့မလို ဖြစ်နေသည့်အခါ ချော့မော့ပြီး အိမ်ကို
ပြန်ခေါ်လာခဲ့ရသည်။

"ထွန်းနိုင်နဲ့ငမိုး အိမ်တံခါးကို သေချာပိတ်ထား နေမခကို အပြင်မထွက်စေနဲ့"

"ဟုတ်ကဲ့ မမစိုး"

"မမ"

ခါးထောက်လျှက်အမိန့်ပေးနေသောသူ့အစ်မကို လုံးဝနားမလည်တော့။ဘာကြောင့်များ အဲ့လောက် ရင့်သီးလွန်းနေရတာလဲမသိ။

"အဲ့ဒီမိန်းမကို အဆက်သွယ်ဖြတ်ဖို့စဉ်းစားထား နေမခ…
ငါ သဘောမတူတဲ့လမ်းကို နင်လှမ်းရဲ လှမ်းကြည့်လိုက်…နင်ရော အဲ့ဒီမိန်းမပါ လွယ်မယ်မထင်နဲ့…"

သူ…မမကို စိတ်ပျက်လက်ပျက် ဖြစ်သွားမိသည်။

"မမ ဘာလို့ သူ့ကို ခါးခါးသီးသီးဖြစ်နေရတာလဲ ကျွန်တော် နားမလည်ဘူး…သူဆင်းရဲတာ အပြစ်လား…ငုံးဥရောင်းခဲ့တာရော အပြစ်လား"

"အဟင်းးငါ့ကိုတောင်မေးခွန်းပြန်ထုတ်နေသေးတယ်…
အေး ဆင်းရဲတာလဲ အပြစ်မဟုတ်ဘူး
သူ့ဘာသူ ဘာရောင်းစားစားအပြစ်မဟုတ်ဘူး…
ကိုယ့်ဘဝကိုယ်မသိဘဲ ငါ့မောင်ကို
လာကြိုက်ရင်တော့အပြစ်ဖြစ်သွားပြီ"

"အခု မကဘာဖြစ်နေလို့လဲ…
သူ့ဘဝသူရိုးရိုးသားသားကြိုးစားရုန်းကန်နေတာ  အခုဆို… လူတိုင်းချစ်ခင်လေးစားရတဲ့ဆရာမ တစ်ယောက်ဖြစ်နေပြီ…
သူ့အပေါ်မြင်နေတဲ့ အမြင်ဆိုးတွေကို ဖယ်လိုက်ပါတော့မမရာ…မမလဲ ပညာတတ်တစ်ယောက်ပဲ…အခုလိုမျိုး လူတစ်ယောက်ကို အကြောင်းမရှိအကြောင်းရှာပြီးရန်ဖြစ်နေတာ မမ မရှက်ဘူးလား"

"ဘာ…ငါ့ကိုမရှက်ဘူးလား ဟုတ်လား
ငါက ဘယ်သူ့အတွက်အဲ့ဒီလိုတွေဖြစ်နေတယ် ထင်လို့လဲ…နှင်းဆီလှိုင်ဆိုတဲ့ မိန်းမက မာနကြီးဘဝင်မြင့်နေတဲ့မိန်းမ…သူ့မာနကို
ထိလာရင် နင့်ကိုရောဂရုစိုက်မယ်ထင်နေလား နင်သာ ကိုယ့်ရောဂါနဲ့ကိုယ် စောစောစီးစီး အသက်တိုနေလိမ့်မယ်"

မောင့်ကို မောင့်ထက် ပိုချစ်ခဲ့ပါသည် ( Completed )Where stories live. Discover now