Part 3 (U&Z)

430 9 0
                                    

Unicode

မောင့်ကို မောင့်ထက် ပိုချစ်ခဲ့ပါသည်
အပိုင်း(၃)

အိပ်ရာက နိုးနိုးချင်း အိမ်ခေါင်မိုးကိုကြည့်ပြီးသက်ပြင်းဟင်းခနဲချမိသည်။
ငါတို့အိမ်ခေါင်မိုး မဟုတ်ဘူးပဲ။
ဝမ်းနည်းစိတ်နဲ့ ဘာတွေလစ်ဟာနေမှန်းမသိ။
အရင်လို စာကျက်စရာလဲမလိုသည့်အခါ
ငူငူငိုင်ငိုင်နဲ့ဘာလုပ်ရမှန်းမသိဖြစ်နေမိသည်။

ဒေါ်လေးစိန်ခင်ရော အမေပါ အိမ်မှာမရှိ။
ဒီအချိန်ဆို ကားဂိတ်မှာပဲ ရှိလောက်သည်။
ဒေါ်လေးစိန်ခင်က ကွမ်းယာရောင်းပြီး အမေက ငုံးဥရောင်း အလုပ်များနေကြမှာ အသေအချာပင်။

အမေက ကားဂိတ်ကို လာတာမကြိုက်။
အခုတော့ စာကျက်စရာမှ မလိုဘဲ…အမေဘာမှမပြောလောက်ပါဘူး ဟုတွေးကာ ကားဂိတ်ဘက်သို့ လျှောက်လာခဲ့မိသည်။

"ဒေါ်လေး အမေရော'"

"ညည်းအမေ ဟိုဘက်လမ်းက အိမ်ကိုဌားမလို့တဲ့… သွားကြည့်တယ်…သွားတာကြာပြီ ခုထိပြန်မလာသေးဘူး ကားပေါ်က ငုံးဥဝယ်မဲ့သူတွေတောင် မရောင်းနိုင်ဘူး…
ငါလဲမအားဘူး…ကွမ်းယာက လက်တောင်မလည်ဘူး"

ဒေါ်စိန်ခင်က ပါးစပ်ကလဲတတွတ်တွတ်ပြောပြီးကွမ်းယာကို တဖျတ်ဖျတ်ယာကာ ပြောနေသည်။ ကျွမ်းကျင်ရာလိမ္မာ ဆိုသည့်စကားမှာ အမှန်ပင်။ဒေါ်လေးစိန်ခင် ကွမ်းယာ ယာနေသည်မှာ မျက်လှည့်ပွဲကြည့်နေရသလို မြန်လွန်း သွက်လွန်းသည်။

"ငုံးဥထက်စာရင် ကွမ်းက ရောင်းရတဲ့ဟာကို
အမေက ဘာလို့ ကွမ်းမရောင်းတာလဲ မသိဘူးနော်"

နှင်းဆီ ကွမ်းဆိုင်ဘေးကထိုင်ခုံလေးမှာထိုင်ကာ တွေးတွေးဆဆပြောနေမိသည်။

"အမယ်လေး ငါ့စီးပွားရေး တုတ်နဲ့လာထိုးနေပါလား…မိနှင်းဆီ "

"အို ဒေါ်လေးကလဲ ပင်လယ်ရေ တစ်ယောက်တည်း သောက်လို့ကုန်တာမှမဟုတ်တာ"

"အမယ်လေးကုန်တယ်…ကုန်တယ်
ငါ့မိသားစုကစားအိုးကြီးတယ်…
ပင်လယ်မကလို့ သမုဒ္ဒရာ
ဆိုလဲ ကုန်အောင်သောက်လို့ရတယ်…"

ဒေါ်လေးစိန်ခင်စကားကို နှင်းဆီသဘောကျကာရယ်နေမိသည်။
အသံကျယ်ကျယ်နှင့် ဘွင်းဘွင်းပြောတတ်
သည့် ဒေါ်လေးစိန်ခင်ကတော့ သူ့စီးပွားရေး လာလုမှာ ကြောက်နေသည့်ပုံပင်။
ဟုတ်ပါတယ်…သူလဲ လူပဲလေ…။

မောင့်ကို မောင့်ထက် ပိုချစ်ခဲ့ပါသည် ( Completed )Where stories live. Discover now