Part 7 (U&Z)

429 7 4
                                    

Unicode

မောင့်ကို မောင့်ထက် ပိုချစ်ခဲ့ပါသည်
အပိုင်း ( ၇ )

ဘဝဆိုသည့်စာအုပ်တစ်အုပ်ထဲတွင် အချစ်ဆိုသည့် စာမျက်နှာပေါင်းများစွာ…ရှိသလို
အဲ့ဒီအချစ်ဆိုသည့် စာမျက်နှာများစွာထဲတွင်လည်း မောင်ဆိုသည့်…စကားလုံးပေါင်းများစွာ……ပါဝင်နေသည်။

မောင်ရေ…မ စာသင်နေတုန်းနော်
မောင်…ဘာလုပ်နေလဲ…
မောင်…မအတန်းရှိတယ် မအားသေးဘူး
မောင်…ထမင်းစားပြီးပြီလား…
မကတော့ အခုမှစားရတယ်…
လွမ်းလိုက်တာ မောင်ရယ်……စသဖြင့် စသဖြင့် စာပေါင်းများစွာ call ပေါင်းများစွာနှင့် အလွမ်းပိုခဲ့ရသည်။

အပြင်မှာတော့ သိပ်မတွေ့ဖြစ်ကြ။

ကိုယ့်ထက်ငယ်ပုံထောက်သည့်မောင်နှင့်
တွဲသွားလျှင် ဆရာမနဲ့တပည့်နဲ့တွဲနေသည်ဟု အထင်ခံရမည်က တစ်ကြောင်း
ဆရာမတောင် ရည်းစားနဲ့လျှောက်တွဲနေတာပဲ ဟု ကိုယ့်ကို မလေးစားမှာစိုးသည်ကတစ်ကြောင်း
စာသင်ချိန်တွေပြည့်နေသည်ကတစ်ကြောင်း
မောင်ရဲ့ကား အကောင်းစားကြီးကို မစီးချင်သည်ကတစ်ကြောင်း
ထိုသို့သော အကြောင်းများစွာနှင့် ကျူရှင်မလာခဲ့နဲ့ဟု ချောမော့ပြီးပြောသည့်အခါ မောင်ကမကြိုက်ချင်။မကြိုက်ချင်လို့လဲမရ။
မောင်က နေရာတကာ လိုက်ချင်သည်။

ကျူရှင်သွားလဲ လိုက်ပို့ချင်သည်။
ကျောင်းလဲလာကြိုချင်သည်။
အိမ်လဲပြန်ပို့ချင်သည်။ဘယ်သွားသွား
လိုက်ချင်သူမို့ တားယူနေရသည်။

"အဲ့ဒီအချိန်ဇယားထဲမှာ မောင်နဲ့တွေ့မဲ့ အချိန်ကဘယ်မှာလဲ"

တစ်လစာ ဆွဲထားသည့် စာသင်ချိန်ဇယားကြီးရှေ့ချပြီး ဆူဆူအောင့်အောင့်ဆိုသည်။

"ရည်းစားက မထင်မှတ်ဘဲထားဖြစ်သွားတာ
ဆိုတော့လေ…အဲ့ဒီအချိန်တွေထည့်မဆွဲဖြစ်လိုက်ဘူး"

"အဲ့ဒါဆို မောင်က မတွေ့ရတော့ဘူးပေါ့"

မကျေမနပ်ဆူပုတ်နေသော မောင့်ပါးလေးကိုချစ်စနိုးဆွဲဖဲ့လိုက်သည်။

"မောင်ကလဲကွာ…စာသင်နေတာလေ… မောင်လဲ ကုသိုလ်ရပါတယ်…"

"မသိဘူးကွာ မက မောင့်ကိုမချစ်ဘူးဆိုတာပဲသိတယ်"

မောင့်ကို မောင့်ထက် ပိုချစ်ခဲ့ပါသည် ( Completed )Where stories live. Discover now