Part 4 (U&Z)

440 8 0
                                    

Unicode

မောင့်ကို မောင့်ထက် ပိုချစ်ခဲ့ပါသည်
အပိုင်း(၄)

ရယ်သံ ငိုသံများနှင့် ဆူညံနေသော
ညတစ်ညဖြစ်သည်။
တက္ကသိုလ်ဝင်တန်းအောင်မြင်သူများစာရင်း
တွင်နှင်းဆီလှိုင် -မြန်မာ၊ သချ်ာဆိုသည့်ဂုဏ်ထူးနှစ်ဘာသာ ကပ်ပါလာသောအခါ မေမေက နှင်းဆီကိုဖက်ကာ ငိုလဲငို ရယ်လဲရယ်သည်။

"တော်လိုက်တဲ့ ငါ့သမီးလေး… ကျူရှင်မထားပေးနိုင်တာတောင် ဂုဏ်ထူးနှစ်ဘာသာပါတယ်…ထားသာထားပေးရင် All-D ထွက်မှာ All -D "

ပြောရင်းငိုပြန်သည်။နှင်းဆီမှာ ဆယ်တန်းအောင်ခြင်းအတွက် မေမေ့ကိုကြည့်ကာငိုရမှန်း မသိ ရယ်ရမှန်းမသိ။

"သြော် ဒီခင်လေး…
ညည်းကဘာကိစ္စငိုနေရတာတုန်း
သူများမြင်ရင် ကျတယ်ထင်နေအုန်းမယ် ပျော်စရာကိစ္စကို ငိုနေတယ်… တကယ်တည်း ရူးများနေလားမသိဘူး"

"ငါ ပျော်လွန်းလို့ပါ စိန်ခင်ရယ်…ကျုပ်ဒီနေ့ကို စောင့်နေခဲ့တာ…အခုတော့ ခင်လေးတို့လက်မထောင်တဲ့နေ့ရောက်လာပြီ"

မျက်ရည်တွေသုတ်ကာ ထရယ်နေပြန်သည်။
ရူးဆိုလဲ ရူးလောက်သည် မဟုတ်လား။ဒီနှစ်
ဆယ်တန်း အကျများ၍ ငိုတဲ့သူကငို
တိုင်ကိုခေါင်းနဲ့ဆောင့်သူက ဆောင့် တစ်ချို့မိဘတွေရင်ဘတ်စည်တီးငိုနေကြချိန်
မိမိသမီးကဂုဏ်ထူးနှစ်ဘာသာနှင့် အောင်မြင်ခဲ့သည်။
ဒါဟာ ထီပေါက်ခြင်းထက် ကံထူးခြင်းပင်။

နှင်းဆီသူငယ်ချင်းများထဲတွင်လည်း
ကျကြသူများလည်းရှိသည်။ စိုးစိုးမေဆို
သည့် နာမည်လေးကိုတော့ ဓာတုဗေဒ ဂုဏ်ထူးတစ်ဘာသာနှင့် အောင်မြင်ကြောင်းတွေ့ရသည်။

စိတ်ထဲကြိတ်ကာ ပြုံးမိပါသည်။
ဒီတစ်ခါလည်း ငါမရှုံးခဲ့ဘူးပဲ…။
သူ့ထက်တစ်ပွင့်သာနေမြဲပင်။ကိုယ့်အတွေးနဲ့ကိုယ် ပျော်နေမိသည့်အချိန် မေမေကတော့ အဝေးသို့တွေတွေလေးငေးကာ…

"နင့်အဖေသာ ကြားနိုင်ရင် ငါပြောချင်တယ်သိလား…
ကျုပ်အစွမ်းအစနဲ့ ရှင့်သမီးကို ဆယ်တန်းအောင်အောင်ထားနိုင်တယ်လို့"

"ဘာမှအသုံးမကျတဲ့လူ…သားသမီး သားမယား အတွက်မစဉ်းစားတတ်တဲ့သူ…အဲ့ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်သေရတာပေါ့"

မောင့်ကို မောင့်ထက် ပိုချစ်ခဲ့ပါသည် ( Completed )Where stories live. Discover now