Part 5 (U&Z)

477 10 2
                                    

Unicode

မောင့်ကို မောင့်ထက် ပိုချစ်ခဲ့ပါသည်
အပိုင်း(၅)

စာသင်နေသော်လည်း သူရိန်က ဂနာမငြိမ်။
အိမ်ရှေ့ကိုပဲလည်တဆန့်ဆန့်။
ထင်သည့်အတိုင်းပင် မိနစ်နှစ်ဆယ်ပဲကြာသည်။ ကားတစ်စီးထိုးရပ်လာသည်။

"လာပြီတွေ့လား…ကျွတ် ဒီကောင်မွှေပြီ
ဒီစနေနှစ်ကောင်နဲ့တော့ စိတ်ညစ်လိုက်တာ"

ပွစိပွစိနှင့်တိုးတိုးလေးပြောလိုက်သော်လည်း
နှင်းဆီကကြားဖြစ်အောင်ကြားသည်။
သူရိန်ကို မျက်စောင်းခဲကာတစ်ချက် ကြည့်ပြီး အိမ်ရှေ့တံခါးပေါက်ကိုပဲမကျေမနပ်စိုက်ကြည့်နေမိသည်။

"ဟျောင့်…မင်းကငါ့ဖုန်းကိုပိတ်တယ်ပေါ့ဟုတ်လား…
မင်း…ထွက်ခဲ့စမ်းပါ…
ပြောနေတာတောင်ဆုံးအောင်နားမထောင်ရအောင် တော်တော်အလုပ်များနေတယ် ဟုတ်လား"

နေမခ…အသံကြားသည်နှင့် သူရိန်က ရိုးတိုးရွတွ။

"ငါ ဒီမှာ သားကြီးရ"

ပြောရင်းကုန်းထနေသော သူရိန်ခေါင်းကို နှင်းဆီခပ်ပြင်းပြင်းတစ်ချက်ခေါက်လိုက်သည်။

"အား"

"စာသင်လို့မပြီးသေးဘူးလေ …ဒါကဘယ်လဲ"

သူရိန်က မျက်နှာကြီး ရှုံ့မဲ့ကာ

"ခဏလေးပါ သွားပြောပြီးပြန်လာခဲ့မယ်…"

"မလိုချင်ဘူး…ထိုင်နေ…ဒီစာကို ပြီးအောင်တွက်ရမယ်…4:30ထိုးမှဆင်းရမယ်"

"ဟာ"

နာရီကို မော့ကြည့်တော့ အခုမှ 3:35…။
ဆရာမဒေါသကိုလဲ သိနေ၍ ထိုင်ခုံမှာပြန်ထိုင်ပြီး စာပြန်တွက်နေရသည်။

"ဟျောင့် သူရိန်…ထွက်…"

သူရိန်နာမည်တကြော်ကြော်ခေါ်ရင်း
ဧည့်ခန်းထဲလှမ်းဝင်လာသော နေမခ……
စကားတွေရော ခြေလှမ်းတွေပါတုံ့ခနဲရပ်တန့်သွားရသည်။

စူးရှပြီး လှပလွန်းသော မျက်ဝန်းနက်လေးတွေ။ ထိုမျက်ဝန်းလေးတွေကသူ့ကိုတရားခံဖမ်းသလို စူးစူးစိုက်စိုက် အကဲခတ်ကြည့်လို့နေ၏။

မောင့်ကို မောင့်ထက် ပိုချစ်ခဲ့ပါသည် ( Completed )Where stories live. Discover now