Part 11 (U&Z)

1.2K 27 6
                                    

Unicode

မောင့်ကို မောင့်ထက်ပိုချစ်ခဲ့ပါသည်
အပိုင်း(၁၁)ဇာတ်သိမ်းပိုင်း

မြေနီလမ်းလေး…
ထိုလမ်းလေး၏ဘေးတစ်ဖက်တစ်ချပ်မှာ
တောပန်းလေးများ ရောင်စုံဖူးပွင့်လို့နေသည်။ ထိုပန်းလေးများအနားတွင်ရောင်စုံံလိပ်ပြာလေးများလည်းပျံဝဲလို့နေ၏။

နေမခ…မရပ်မနားပြေးနေရင်းမှ ထိုနေရာ
အရောက်တွင် ခြေစုံရပ်လိုက်သည်။

လှလိုက်တဲ့ရှုခင်းလေးပင်။
သူ ဘယ်ကိုရောက်နေပါလိမ့်။
ဒီနေရာ သူတစ်ခါမှ မလာဖူး မတွေ့ဖူးခဲ့။
မြေနီလမ်းအတိုင်း သူသွက်သွက်လျှောက်သည်။လူဆို၍ တစ်ဦးတစ်လေတောင်မတွေ့။
ခြံကြီးတစ်ခြံရှေ့ အရောက်တွင် ထိုမြေနီလမ်းလေးက အဆုံးသတ်သွားသည်။
ဆက်သွားစရာ လမ်းမရှိတော့။

ဒါသူ့အိမ်တော့မဟုတ်…
ဒါဆိုသူ့အိမ်ကဘယ်မှာလဲ…သူမသိ။
မျက်စိလည်လမ်းမှားလာသည့်သူတစ်ယောက်လို သူ…အိမ်ကိုမပြန်တတ်တော့ပေ။

အိမ်ကိုပြန်ရမည်ဆိုတဲ့စိတ်ရှိသော်လည်း
ထိုအိမ်ဆိုတာကလည်းဘယ်မှာရှိလဲ သူမသိ။
ရွေးစရာလမ်းမရှိသည့်အခါထိုခြံကြီးထဲသို့ပဲ သူဝင်လိုက်သည်။ခြံတံခါးကိုစေ့ထား၍ ဝင်ရတာလွယ်ကူလှသည်။ထိုခြံကြီးထဲတွင်လည်း ဘယ်သူမှ ရှိမနေကြ။

ထိုခြံသည်လူနေခြံမဟုတ်။နှင်းဆီခြံတစ်ခြံပင်။ လှလိုက်တဲ့ နှင်းဆီပန်းတွေ……

ရုတ်တရက် ပန်းမြို့တော်ထဲ ရောက်သွားသလို မြင်မြင်ရာရာနှင်းဆီပန်းရောင်စုံများ ငွားငွားစွင့်စွင့် ဖူးပွင့်နေကြသည်။
မွေးပျံ့သော သင်းရနံ့များကြောင့် သူစိတ်တွေပေါ့ပါးလန်းဆန်းလို့နေသည်။

နှင်းဆီပန်းတွေကို သတိလက်လွတ်ငေး
ကြည့်နေရင်း သူ့စိတ်ထဲ တစ်စုံတစ်ယောက်ကို လွမ်းဆွတ်နေသလို ခံစားနေရသည်။
သို့သော်သူ ဘယ်သူကို လွမ်းဆွတ်နေမှန်း သူမသိ။

သူ့မှတ်ဥာဏ်ထဲ…ဘယ်အရာကိုမှစဉ်းစားလို့မရသလိုဘယ်သူ့ကိုမှလည်း မှတ်မိနေခြင်းမျိုး မရှိခဲ့။

ထိုနှင်းဆီတွေကြားထဲမှ ထူးထူးခြားခြားအလှဆုံးနှင်းဆီ။ အသွေးရောင်ကျကျ အလှဆုံးဖူးပွင့်နေသောနှင်းဆီလေးတစ်ပွင့်က
သူတွေ့လိုက်ရသည်။

You've reached the end of published parts.

⏰ Last updated: Nov 02, 2023 ⏰

Add this story to your Library to get notified about new parts!

မောင့်ကို မောင့်ထက် ပိုချစ်ခဲ့ပါသည် ( Completed )Where stories live. Discover now