မှန်ထဲ၌ပေါ်လို့နေသည့် ကိုယ့်မျက်နှာကို တစ်ချက်ကြည့်ကာ ထယ်ရယ် သက်ပြင်းချလိုက်မိသည်။ ခပ်ပါးပါးလိမ်းခြယ်ထားသည့် မိတ်ကပ်အချို့နဲ့ နဂိုကခပ်ရဲရဲနှုတ်ခမ်းဖျားမှာ အရောင်တစ်ချို့ထပ်တင်ထားသည်။ ပုံသွင်းထားတဲ့ ဆံပင်ကြောင့် အရင်ကျောင်းသားကင်မ်ထယ်ရယ်နဲ့မတူဘဲ လူကြီးအနည်းငယ်ဆန်လို့နေသည်။ သူရောက်နေတာက မဂ်လာပွဲတစ်ခု.....။သူတက်ရောက်ရမဲ့မဂ်လာပွဲပေါ့။
"ကြင်ယာတော်လေး .... အက်ျီလဲလို့ရပါပြီ ....."
နောက်က ကောင်မလေးတစ်ယောက်ရဲ့ အပြောကို ထယ်ရယ်ခေါင်းငြိမ့်ပြလိုက်သည်။
'ကြင်ယာတော်လေး ....'
ဟုတ်ပါသည်။ ဒီနေ့ထယ်ရယ်တက်ရမဲ့ပွဲက ထယ်ရယ်ကိုယ်တိုင်ဇာတ်လိုက်ဖြစ်နေသည့် ထယ်ရယ့်၏မဂ်လာပွဲပါပင်။ဘာတွေဘယ်လိုဖြစ်သွားလည်းဆိုတာကတော့ လွန်ခဲ့တဲ့ ဆယ်ရက်လောက်က အိမ်ကိုရောက်လာခဲ့သည့် အဘွားတစ်ဦးကြောင့် ဟုဆိုရပေမည်။
'လွန်ခဲ့သော ဆယ်ရက်ခန့်က '
ထယ်ရယ် ကျောင်းကအပြန်ထုံးစံအတိုင်း စက်ဘီးကို အိမ်ရှေ့ထိုးကာ အိမ်ထဲဝင်ခဲ့လိုက်သည်။ ခြံဝမှာရပ်ထားသော ကားအမည်းကြီးကိုမြင်ခဲ့တာကြောင့် ၕည့်သည်ရောက်နေမှန်း ထယ်ရယ်သိလိုက်သည်။ ထို့ကြောင့်အနှောင့်အယှက်မပေးတော့ပဲ အပေါ်ထပ်အခန်းသို့တက်မည်အပြု appa ရဲ့ စာကြည့်ခန်း တံခါးပွင့်လာကာ ၕည်သည်ဟုထင်ရသည့်အသက်70ကျော်အရွယ်အဘွားတစ်ဦးထွက်လာသည်။ သူမတူသည့် တောက်ပြောင်သောအဝတ်အစားအချို့ဝတ်ထားပြီး Appa အရေးကြီးကိစ္စရှိမှ တွေ့ဆုံတတ်သည့် စာကြည့်ခန်းမှထွက်လာသောကြောင့် အရေးကြီးသော ၕည့်သည်မှန်းထယ်ရယ်သိလိုက်သည်။ သူ့ကိုကြည့်ကာပြုံးပြလာသည်မို့ ထယ်ရယ်လည်း ပါးချိုင့်အချို့ပေါ်အောင်ပြုံးကာ ခါးညွှတ်နှုတ်ဆက်လိုက်သည်။ ပြီးမှ အပေါ်တက်လာခဲ့လိုက်တော့သည်။
ထယ်ရယ်တို့မိသားစု ညနေစာ စားသောက်ပြီးစီး ပြီးတဲ့အခါတိုင်း ၕည့်ခန်းထဲထိုင်ကာ စကားစမြည်ပြောနေကြဖြစ်သည်။ အခုလည်း ထယ်ရယ် ဆိုဖာပေါ်က cushion တစ်ခုကို ပေါင်ပေါ်ကောက်တင်လိုက်ရင်း အိုမားကိုပစ်မှီကာ ခွာပေးထားသည့် သစ်သီး တစ်စိတ်ယူစားလိုက်သည်။
YOU ARE READING
Density Of Love [ COMPLETED ]
Fanfictionသံယောဇဉ်ရဲ့အဆုံးမှာ အချစ်ရဲ့သိပ်သည်းမှု ဘယ်လောက်များမလဲ ?