ဥယျာဉ်အတွင်းရှိ ဂင်ဂိုပင်တို့မှ ရွက်ကြွေတို့က တဖြုတ်ဖြုတ်ကြွေကျလို့နေတာမို့ ဂင်ဂိုပင်ရှိရာ လမ်းတစ်လျှောက် ရွက်ကြွေတို့နဲ့ ပြည့်လို့နေသည်။ ထယ်ရယ် ဘွားရဲ့အဆောင်ကနေ အပြန် ဥယျာဉ်ထဲ ခုံတန်းထက်၌ခနထိုင်တော့ ကစားနေသည့် ယူခီက သူ့ဆီပြေးလို့လာသည်။ ခုံပေါ်တက်ဖို့ကို ရှေ့ခြေကသာရပေမဲ့ နောက်ခြေက သူ့ဖင်လေးကြောင့် မတက်နိုင်သည့်အခါ ထယ်ရယ့်ကိုမော့ကြည့်လာသည်။ ထယ်ရယ်သဘောကျစွာရယ်လိုက်ပြီး ဆွဲပွေ့လိုက်သည်။
"ယူခီ ! .... မင်းဒယ်ဒီ အခုရက်ပိုင်း မူမမှန်ဘူးသိလား .."
ထယ်ရယ့်အပြောကို ရင်ခွင်ထဲက ယူခီကအသံပေးလာသည်။
"ညဆိုလည်း ပြန်လာတာနောက်ကျတယ် ... မနက်ဆိုလည်း အစောကြီးထွက်သွားတယ် ... ငါ့အနားလည်း နေမပေးဘူး .. ငါ့ကိုမချစ်တော့တာလား ..မဟုတ်မှ မင်း ဒယ်ဒီ နောက်တစ်ယောက်- .... "
ထယ်ရယ် ပြောရင်းကနေ ရင်ထဲထိတ်ခနဲဖြစ်သွားသည်။
"အာ မဟုတ်ဘူး မဟုတ်ဘူး ... အခု အိမ်ရှေ့စံကို ဘယ်လိုတောင် သံသယဝင်နေတာပါလိမ့် ... ကင်မ်ထယ်ရယ် အရူးပဲ ..."
ကိုယ့်ခေါင်းကိုထုကာ ပြောနေတဲ့ ထယ်ရယ့်ကြောင့် အဝေးမှာ သစ်ရွက်ခြောက်တို့ကိုရှင်းနေတဲ့ အထိန်းတော်ဂိုက အကုန်ကြားနေရတာမို့ တစ်ချက်ပြုံးလိုက်မိသည်။ သူ့တို့ကြင်ယာတော်လေးများ တွေးတတ်တယ် ၊ အိမ်ရှေ့စံကဖြင့် နောက်တစ်ယောက် ထားဖို့နေနေသာသာ သူ့ဟာလေးကို သဲကဲနေတာဖြင့် မမြင်ချင်မှအဆုံးဟာကို..။ အထိန်းတော်ဂိုခေါင်းသာ ခါလိုက်မိတော့သည်။
ရစ်ခီ ဥယျာဉ်ထဲဝင်လိုက်တာနဲ့ အရင်လို သူပြန်အလာကို စောင့်နေကြ ကြင်ယာတော်ကိုမတွေ့တာမို့ မျက်ခုံးတို့ကျုံ့လို့သွားရသည်။ အထိန်းတော်ဂိုက သူ့မြင်တော့ သူ့ဆီပြေးလို့လာသည်။ ရစ်ခီက ...
"အထိန်းတော်ဂို ... ကြင်ယာတော်ရော ..."
"ဘွားတော်ရဲ့ အဆောင်မှာပါ ...အိမ်ရှေ့စံ ... နောက်ပြီး ကြင်ယာတော်က သူ အိမ်ရှေ့စံကို စိတ်ကောက်နေပါတယ်တဲ့ ..."
YOU ARE READING
Density Of Love [ COMPLETED ]
Fanfictionသံယောဇဉ်ရဲ့အဆုံးမှာ အချစ်ရဲ့သိပ်သည်းမှု ဘယ်လောက်များမလဲ ?