ခုတင်ထက်၌ ဖြူလျော့လို့လှဲနေသည့် အိမ်ရှေ့စံအားကြည့်လို့ ထယ်ရယ်မျက်ရည်တို့ဝဲလာရသည်။၊ မျက်နှာပါချောင်ကျလို့ နေပြီး မတွေ့ရသည့်ရက်ပိုင်းအတွင်း ပိန်သွားသည့်အပြင် ဘယ်လောက်တောင် ပင်ပန်းထားလို့ မေ့လဲသည်အထိ ဖြစ်ရတာလဲ။ ဆေးပိုက်ထိုးထားသည့် အိမ်ရှေ့စံရဲ့ လက်အား ထယ်ရယ်ယူလို့ လက်ဖမိုးထက်ခပ်ဖွဖွနမ်းမိသည်။ အိမ်ရှေ့စံသတင်းမကြားခင်မှာတင် သူပါ မေ့လဲမလိုဖြစ်သွားရသေးသည်။ ထယ်ရယ်က ခနလေးနဲ့ပြန်သတိရလာပေမဲ့ ဆေးရုံက အိမ်ရှေ့စံကတော့အခုထိ သတိမရသေးတာမို့ ထယ်ရယ့်မျက်နှာလေး ပြိုတော့မဲ့မိုးလိုဖြစ်နေသည်။ အိမ်ရှေ့စံရဲ့ ခပ်ဖျောဖျော့ မျက်နှာလေးအား ကြည့်လို့ ရင်ထဲစို့လာတာမို့ ထယ်ရယ် အသံတိတ်မျက်ရည်ကျမိပြန်သည်။
" ကြင်ယာတော်လေး ... တစ်ခုခုစားရအောင်လေနော် ... အိမ်ရှေ့စံက ပင်ပန်းတာများပြီး အိပ်ဆေးကြောင့် အတိုးချအိပ်နေတာပါ ...မကြာခင်သတိရတော့မှာ ဒီလိုနဲ့ ကြင်ယာတော်လေးက ပြန်လဲလိမ့်မယ် ... တစ်ခုခုစားရအောင်နော် ... "
ထယ်ရယ့်နောက်နားမှာရပ်နေသည့် အထိန်းတော်ဂိုက ကြင်ယာတော်လေးအား ပြောလိုက်သည်။ ကြင်ယာတော်လေးက သတိပြန်ရကတည်းက အိမ်ရှေ့စံဘေးမှာပဲ ကပ်နေတာမို့ ပြန်ပြီးလဲသွားမှာ စိတ်ပူရသည်။ နှစ်ယောက်သား တစ်ခါမှဒီလို အကြီးအကျယ်ပြဿနာမတက်ဖူးတာမို့ အထိန်းတော်ဂိုတို့ကပါ ဘေးကကြည့်ပြီး စိတ်မကောင်းဖြစ်ရသည်။ ပြီးကျ နေနိုင်ကြတာလည်းမဟုတ်ပဲ လွမ်းဖျားလွမ်းနာကြပြီး နှစ်ယောက်သားဆေးရုံအတူတူတက်ရတာပဲ ကြည့်ပါ့လား ....။
"ကြင်ယာတော်လေး! .... "
"ထယ်ရယ်မစားချင်သေးဘူး .. အထိန်းတော်ဂို နန်းတော် ခနပြန်ရင်ပြန်လိုက်နော် ... ဘွားတို့ကိုပါ စိတ်မပူဖို့ပြောပေးပါအုံး ..."
လူကြီးတွေ စိတ်ပူနေမည်ဆိုး၍ ထယ်ရယ် စိတ်မပူဖို့ပြောခိုင်းရသည်။ အထိန်းတော်ဂို အခန်းထဲက ထွက်သွားပြီးမှ ထယ်ရယ် အိမ်ရှေ့စံလက်ပေါ် မျက်နှာမှောက်ချလို့ ထိန်းထားသမျှငိုမိတော့သည်။
YOU ARE READING
Density Of Love [ COMPLETED ]
Fanfictionသံယောဇဉ်ရဲ့အဆုံးမှာ အချစ်ရဲ့သိပ်သည်းမှု ဘယ်လောက်များမလဲ ?