"အဲဒါဆို... ဘွားက ထယ်ရယ် ငယ်ငယ်ကတွေ့ခဲ့တဲ့ ဘွားဘွားပေါ့ .... "
ထယ်ရယ် လက်ဖက်ရည်ခွက်အား စားပွဲထက်အသာ ချကာ အံ့သြသလိုလေးမေးတော့ ဘွားက...
"ဟုတ်ပါ့ရှင် ... ကျွန်မပါ.... အဲတုန်းက ဒီဟာလေးက သွားကျိုးလေးလေ..."
"ဟီးးး ဘွားကလည်း ...."
ထယ်ရယ် ဘွားကို ဖက်ကာ ချွဲတော့ ဘွားကရယ်သည်။ အများကြီးဖြစ်ပျက်ခဲ့ပြီး နောက်ပိုင်း အိမ်ရှေ့စံက ထယ်ရယ့်ကို မျက်စိအောက်ကအပျောက်မခံခဲ့သလို ပိုတိုးလို့ဂရုစိုက်ပေးခဲ့သည်။ အိမ်ရှေ့စံလည်း ပွဲတော်ရက်က ပိုနီးလာတာမို့ ဘုရင်ကြီးနဲ့အတူ နိုင်ငံရေးရော၊တခြားအရေးတွေနဲ့ပါ အလုပ်ရှုပ်လို့နေသည်။ ထယ်ရယ်ကတော့ အားတဲ့အချိန်တိုင်း ဘွားကိုသွားပြီး အဖော်ပြုပေးလေ့ရှိသည်။ တစ်ခါတစ်လေ မက်သရူးပါ ပါလာတတ်သည်။ ဆော့မက်သရူးက အိမ်ရှေ့စံနဲ့အမျိုးတော်တာကို ထယ်ရယ်နောက်ကျမှ သိခဲ့ရသည်။ ထယ်ရယ်မလာခင်တုန်းက ဘွားရဲ့ အသည်းကျော်လေးဟာ မက်သရူးဖြစ်ခဲ့သည်ထင်ပါရဲ့။ မိဖုရားကတော့ အီချယ်အွန်းကိစ္စ ဖြစ်ပြီးနောက်ပိုင်း ငြိမ်သွားသလ်ုခံစားရသည်။ ထယ်ရယ်ပဲ စိတ်ထင်ခဲ့လို့လားမသိပေ။ ထယ်ရယ်အတွေးလွန်နေတုန်း ထယ်ရယ့်လက်ဖဝါးတို့အား ဘွားက သူ့လက်တို့နဲ့ ဆုပ်ကိုင်ကာ အုပ်မိုးလာရင်း ...
"ဘွားက အစောကတည်းက အိမ်ရှေ့စံ ကို ကြင်ယာတော်နဲ့ နေရာချထားပေးဖို့စီစဉ်ထားခဲ့တာ ...လက်ထပ်ပေးပြီးရင် အားလုံးအဆင်ပြေသွားမယ်ထင်ခဲ့ပေမဲ့ နန်းတော်ထဲ ရောက်လာမှ ထယ်ရယ်လေးအပြုံးတွေ လျော့သွားတာမြင်တော့ ဘွား စိတ်ထဲမကောင်းဘူး "
"မဟုတ်တာ ဘွားကလည်း .... ထယ်ရယ်ပျော်ပါတယ် ...ဒီလိုမျိုး ဘွားကလည်း ... ချစ်ပေးတယ် ...အိမ်ရှေ့စံကလည်း ချစ်ပေးတယ်၊ဂရုစိုက်ပေးတယ် ...အထိန်းတော်ဂိုတို့ကလည်း အများကြီးဂရုစိုက်ပေးတာ .... "
"ဟုတ်ပါပြီ ... ဟုတ်ပါပြီ ထယ်ရယ်လေး ပျော်တယ်ဆိုရပါပြီ "
"ကြင်ယာတော်လေး ...အိမ်ရှေ့စံပြန်ရောက်ပါပြီ..... "
"ဟင် ! ... ဟုတ်လား ...သွားကြရအောင် အဲ! ...ဘွား ထယ်ရယ်ပြန်ပါအုံးမယ် ...ဟီး ဟီး "
YOU ARE READING
Density Of Love [ COMPLETED ]
Fanfictionသံယောဇဉ်ရဲ့အဆုံးမှာ အချစ်ရဲ့သိပ်သည်းမှု ဘယ်လောက်များမလဲ ?