"ကြင်ယာတော်လေး .... အဲလိုမနေရပါဘူး ..အထဲက ကလေးလေးထိခိုက်ပါမယ်..."
"ကြင်ယာတော်လေး ..... အဲလိုမပြေးရပါဘူး ဘုရားး ဗိုက်ထဲက ကလေးလေး...."
"ကြင်ယာတော်လေး အဲတာစားလို့မရပါဘူး ဘုရာ့..ဗိုက်ထဲက-.... "
"ကြင်ယာတော်လေး..... အဲလို - ......... "
ဒီစကားတွေကတော့ ထယ်ရယ့်ဗိုက်ထဲမှာ 'ဆွန်း' နီး လေးရှိပြီဆိုကတည်းက ကြားရတဲ့စကားတွေသာဖြစ်ပါသည်။ ထယ်ရယ်က '복숭아 ' မက်မွန်သီးကို အိပ်မက်မက်တာမလို့ 'ဆွန်း'နီး ဆိုပြီး ပိစိလေးအားနာမည်ပေးထားသည်။ 복숭아 ရဲ့အဓိပ္ပာယ်က ခေါင်းဆောင်မှု၊ကြင်နာမှုနဲ့ နူးညံ့သိမ်မွေ့မှုတို့နဲ့ ညှိနှိုင်းပေးနိုင်တဲ့သူ ဆိုတဲ့အဓိပ္ပာယ်လည်းရပြီး လေးစားနှစ်သက်ဖွယ်ကောင်းသောပုဂ္ဂိုလ်ဟုလည်း အဓိပ္ပာယ်ရသည်ဟုဆိုသည်။ ထယ်ရယ်က 'ဆွန်း'နီးလေးအား အများက လေးစားနှစ်သက်ရတဲ့သူတစ်ယောက်ဖြစ်စေချင်ပါသည်။
လောလောဆယ်တော့ သုံးပတ်သားလောက်ပဲရှိသေးသည့် ဆွန်းနီးးလေးဟာ အရမ်းအချစ်ခံရပါသည်။ အိမ်ရှေ့စံရဲ့ နန်းတက်ပွဲနေ့မှာ ကိုယ်ဝန်ရှိကြောင်းသိရတာမို့ ဘွားတော်က ထိုနေ့က တဆက်တည်းပဲ မီဒီယာတွေကနေ ကြေညာခဲ့သည်။ ထို့ကြောင့် စစသိချင်းနေ့ကတည်းက ဆွန်းနီးလေးက လူအများရဲ့ကောင်းချီးကိုရရှိခဲ့ပါသည်။ နောက်ပြီး ဘွားက ထယ်ရယ် ဖြစ်ချင်တာ အားလုံးကိုဖြည့်ဆည်းပေးဖို့ နန်းတွင်းတစ်ခုလုံး အမိန့်ချထားတာမို့ နန်းတော်တစ်ခုလုံးကလည်း ထယ်ရယ့်ကိုဆို ကြင်ယာတော်လေးက ပါးစပ်ဖျားကမချပဲ မျက်နှာတစ်ချက်မညှိုးအောင် ဂရုစိုက်ကြပါသည်။ ထိုထဲ အကဲဆုံးကတော့ ဆွန်းနီးရဲ့ဒယ်ဒီပါပင် ...။
"အထဲက သခင်လေးခင်ဗျ .... ရေချိုးတာကြာနေပြီ အအေးပတ်ပါမယ် ထွက်လာခဲ့ပါတော့ .. "
ရှေ့က အိမ်ရှေ့စံရဲ့ အသံကြောင့် ထယ်ရယ် ရေစိမ်ရင်း အတွေးလွန်နေရာကနေ သတိပြန်ကပ်သည်။
"ထယ်ရယ် ... ကလေးလေး ... "
"ပြီးပြီ ပြီးပြီ ... လာပြီ ... အိုမားးး "
YOU ARE READING
Density Of Love [ COMPLETED ]
Fanficသံယောဇဉ်ရဲ့အဆုံးမှာ အချစ်ရဲ့သိပ်သည်းမှု ဘယ်လောက်များမလဲ ?